"ဒေါင်လိုက် ပတ်လမ်းကြောင်းပေါ်တွင်ပတ်နေသည့် exoplanet တစ်လုံးပါဝင်သော ထူးခြားဆန်းကျယ်သော ကြယ်နှစ်စင်းစနစ်အား သိပ္ပံပညာရှင်များရှာဖွေတွေ့ရှိခဲ့"
ရှာတွေ့ရှိဖူးသမျှထဲမှ အထူးဆန်းဆုံးသောဂြိုလ်စနစ်တစ်ခု ကို သိပ္ပံပညာရှင်များရှာဖွေတွေ့ရှိခဲ့ ပါတယ်။
ဂြိုလ်တစ်ခုက အညိုရောင် ကြယ်ပုနှစ်လုံံးကို ကြယ်နှစ်လုံးရဲ့ ဝင်ရိုးစွန်းပတ်လမ်းဒေါင်လိုက် ဘေးမှာပတ်နေတာက အရမ်းစိတ်လှုပ်ရှားစရာကောင်းပြီး မယုံနိုင်စရာကောင်းလောက်အောင်ဖြစ်နေပါတယ်။
ဒီလို ဂြိုလ်ကိုတော့ polar planet လို့ခေါ်ပါတယ်။
ဒီကြယ်နှစ်လုံး စနစ်ထဲတွင် “ပထမဦးဆုံးသောဝင်ရိုးစွန်းဂြိုလ်” ကိုတွေ့ရှိပါဝင်ခြင်းသည် ဘေးတိုက်ပတ်လမ်းကြောင်းကနေ ထိုဂြိုလ်သည်လည်းကြယ်နှစ်စင်းကိုလှည့်ပတ်နေသည်ဟုဆိုလိုနိုင်ပါတယ်။
ဒါတင်မကသေးပဲ ၎င်း၏ ကြယ်စင်နှစ်စင်း (parent stellar bodies) ဟာ “ပျက်စီးနေသောကြယ်များ (Failed stars)” လို့လူသိများတဲ့ အညိုရောင်ကြယ်ပုလေးတွေပင်ဖြစ်နေကြပါတယ်။
နက္ခတ္ထဗေဒပညာရှင်များသည် ၁၉၉၀ ခုနစ်နောက်ပိုင်းကစတင်ပြီး နေစကြာဝဠာပြင်ပဂြိုလ်များ (သို့) “ပြင်ပဂြိုလ်” (exoplanet) များကိုရှာဖွေတွေ့ရှိခဲ့သည့်အချိန်မှစ၍၊ ကျွန်မ တို့နေထိုင်သော သာမန်နေအဖွဲအစည်းနှင့်နှိင်းယှဉ်လိုက်ရင် စကြာဝဠာကြီးဟာ အလွန်ပင်ဆန်းကြယ်သောနေရာတစ်ခုဖြစ်ကြောင်း အခြားကြယ်များကိုလှည့်ပတ်နေသောဂြိုလ်များကသက်သေပြခဲ့နိုင်ကြပါတယ်။
ပြင်ပဂြိုလ်ရှာဖွေသူများသည် ကျွန်မ တို့နေစကြာဝဠာတွင် မတွေ့ဖူးသေးသည့် မာရှ်မယ်လို (marshmallow) ကဲ့သို့ပေါ့ပါးသောဂြိုလ်များ၊ အလွန်ပူပြင်းလှသည့်အတွက် ကောင်းကင်မှ သတ္တု (သို့) ဖန်ရည် ပျော်ပြီးရွာကျသောဂြိုလ်များအားတွေ့ရှိခဲ့ကြဖူးပြီး ယခုအခါတွင်ကြယ်ကိုထူးဆန်းစွာထောင့်မတ်ကျလှည့်ပတ်နေသောဂြိုလ်ကိုလည်း ထပ်မံတွေ့ရှိထားပြီးဖြစ်ပါတယ်။
ကြယ်တာရာစစ်ပွဲများ Star Wars ရုပ်ရှင် မှာ ရိုက်ကူးထားသော ကြယ်နှစ်လုံးပါ တက်တူးဝင်း (Tatooine) ဂြိုလ်သကဲ့သို့ ဒွိကြယ်ပတ်ဂြိုလ်များ(Binary star system)ကို ယခင်ကကြိမ်ဖန်များစွာရှာတွေ့ခဲ့ဖူးသော်လည်း၊ ယခုရှာဖွေတွေ့ရှိလာတဲ့ ကြယ်စင်အတွဲ၏ ပတ်လမ်းပြင်ညီကို ၉၀ ဒီဂရီထား၍ လှည့်ပတ်နေသော ပြင်ပဂြိုလ်ကို ပထမဆုံးအကြိမ်အဖြစ် နက္ခတ္ထဗေဒပညာရှင်များက လတ်တလောတွေ့ရှိထားခြင်းဖြစ်ပါတယ်။
2M1510 (A b လို့နာမည်ပေးထားတဲ့ exoplanet ဂြိုလ်ဟာ အလင်းနှစ် ၁၂၀ ဝန်းကျင်ခန့်ဝေးကွာလှသော လီဘရာ (Libra) ကြယ်စုထဲ၌တည်ရှိပါတယ်။
သိပ္ပံပညာရှင်များသည် ကြယ်နှစ်စင်းစနစ်၏ ဝင်ရိုးစွန်းပတ်လမ်းများတွင် ဂြိုလ်များတည်ရှိနိုင်ကြောင်း အရိပ်အမြွက်များကို ယခင်က တွေ့မြင်ခဲ့ရပြီး၊ ဥပမာအနေဖြင့် ကြယ်နှစ်လုံးပတ်ပတ်လည်တွင် ဖွဲ့စည်းဖြစ်ပေါ်စပြုနေသော ဂြိုလ်ဖြစ်စ ဂြိုလ်အသစ်များကို တွေ့ရှိခဲ့ဖူးပါတယ်။
သို့သော်လည်းဒီလို အပြည့်အဝဖွဲ့စည်းပြီးသောစနစ်တစ်ခု၏ အဦးဆုံး ခိုင်မာသောသက်သေကိုတော့ ပြီးခဲ့တဲ့ရက်ပိုင်းက တွေ့ရှိလာရတာလည်းဖြစ်ပါတယ်။
ဒီဖွဲ့စည်းပုံ တည်ရှိကြောင်း ယုံကြည်စိတ်ချရသော အထောက်အထားများကို ရှာဖွေတွေ့ရှိခဲ့တာက ဘာမင်ဂမ်တက္ကသိုလ် (University of Birmingham) မှ အဖွဲ့ခေါင်းဆောင် သောမတ်စ် ဘေခရော့ဖ် (Thomas Baycroft) ခေါင်းဆောင်တဲ့အဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။
#ဆက်ရန်
