Landspace ကုမ္ပဏီဟာ ဒီနည်းပညာကို အသုံးပြုရုံတင်မကဘဲ သမိုင်းအသစ်ပါ ရေးထိုးနိုင်ခဲ့ပါတယ်။ သူတို့ရဲ့ ZhuQue-2 စီးရီးဒုံးပျံတွေဟာ မီသိန်းလောင်စာသုံးဒုံးပျံတွေထဲမှာ ကမ္ဘာပတ်လမ်းကြောင်းထဲကို ပထမဆုံး အောင်မြင်စွာရောက်ရှိခဲ့တဲ့ ဒုံးပျံတွေဖြစ်ပြီး၊ ဒီအောင်မြင်မှုကို Elon Musk ရဲ့ SpaceX လို တခြားနာမည်ကြီးကုမ္ပဏီတွေထက်တောင် အရင်စောပြီး ရယူနိုင်ခဲ့တာပါ။
Methalox လောင်စာက အာကာသခရီးစဉ်တွေအတွက် ဘာကြောင့်ဒီလောက်အရေးပါနေရတာလဲ?
မီသိန်းအရည်ဟာ တချို့သောရိုးရာဒုံးပျံလောင်စာတွေထက် သိုလှောင်ထိန်းသိမ်းရပိုလွယ်ကူပါတယ်။LOX လို့ခေါ်တဲ့ liquid oxygen အရည်ဟာ ကမ္ဘာ့လေထုဖိအားအောက်ထဲမှာထိန်းသိမ်းရခက်တဲ့ လောင်စာဖြစ်ပါတယ်။ဒါကို မီသိန်းနဲ့ရောစပ်ပြီးအသုံးပြုနိုင်ခဲ့တာပါ။
မီသိန်းအောက်ဆီဂျင်အရည်က ပိုပြီးသန့်သန့်ရှင်းရှင်းလောင်ကျွမ်းတာကြောင့် အင်ဂျင်အစိတ်အပိုင်းတွေမှာ အမှုန်အမွှားတွေ၊ ချိုး(ဂျိုး)တွေ ကပ်ငြိတာမျိုးနည်းပြီး ပြန်သုံးနိုင်တဲ့အင်ဂျင်တွေအတွက် အဆင်ပြေစေပါတယ်။
အရေးကြီးဆုံးတစ်ချက်ကတော့ မီသိန်းဓာတ်ငွေ့ကို အင်္ဂါဂြိုဟ်ပေါ်မှာတင် ထုတ်လုပ်နိုင်ခြေရှိနေတာပါ။များစွာသော မီသိန်းဓာတ်ငွေ့တွေဟာ အင်္ဂါဂြိုလ်ရဲ့ မြေဆီလွှာအောက်နဲ့ တောင်ကြားဒေသတွေမှာ ပိတ်မိနေပါတယ် ။
ဒါက အနာဂတ်မှာ အချိန်ကြာမြင့်မယ့် အာကာသခရီးစဉ်တွေအတွက်ရော၊ အင်္ဂါဂြိုဟ်ပေါ်မှာ လူသားတွေခြေကုပ်ယူနိုင်ဖို့အတွက်ပါ တကယ့်ကို တော်လှန်ပြောင်းလဲစေမယ့် အချက်တစ်ချက်ဖြစ်လာနိုင်ပါတယ်။
အမေရိကန်နိုင်ငံဘက်ကလည်း အခုအစိုးရသစ်လက်ထက်မှာ NASA ရဲ့ Budget တွေအများကြီးလျော့ခံခဲ့ရပေမယ့် space exploration ပိုင်းနဲ့ဆိုင်တဲ့ အစိတ်အပိုင်းတွေမှာ ဘတ်ဂျတ်ကို တိုးမြင့်လိုက်တာကတော့ ပုံစံမတူတဲ့ Space race ပုံစံအသစ်တစ်ခုကို မြင်တွေ့ရနိုင်ချေရှိနေပါတယ်။
လာမယ့် အနာဂတ်ကာလမှာ Space race ပြိုင်ပွဲပုံစံအသစ်ကို မြင်တွေ့ရနိုင်မလားဒါမှမဟုတ် လူသားတွေအနေနဲ့ အတူတူပူးပေါင်းပြီး ကမ္ဘာမဟုတ်တဲ့ တစ်ခြားနေစကြာဝဠာအဖွဲ့အစည်းထဲက ဂြိုလ်တစ်ခုခုပေါ်ကို ခြေလှမ်းချနိုင်မလားဆိုတာကတော့ စိတ်ဝင်စားဖွယ်ဖြစ်ပါတယ်။
#end
