7 ပတ် - ဘာသာပြန်ပါ။

Khamzat Chimaev ဆိုတာ . . .
ကြေးစားဘဝမှာ Khamzat Chimaev က (၅) မိနစ် (၅) ချီ (၂၅) မိနစ်ပြည့်အောင် မကစားဖူးပါဘူး။ ဒီစံချိန်က ကောင်းတယ်လို့ ထင်ရပေမယ့် မကောင်းပါဘူး။ (၂၅) မိနစ်စာ သက်လုံရှိ၊ မရှိဆိုတာ မသေချာဘူးဆိုတဲ့ သဘောပါ။ အလွန်ဆုံး (၁၅) မိနစ်ပဲ ကစားဖူးတယ်။ (၁၅) မိနစ်ထက် ပိုမကစားဖူးဘူး။
Khamzat Chimaev က Kamaru Usman နဲ့ Gilbert Burns တို့ကို အမှတ်ပြတ်နိုင်ဖူးပါတယ်။ အဲဒါက (၅) မိနစ် (၃) ချီ (၁၅) မိနစ်စာ ထိုးခဲ့တာ မိုင်ကုန်ပဲ။ Khamzat Chimaev ကို ဒဏ်ရာအများဆုံးပေးနိုင်တဲ့ ပြိုင်ဘက်က Kamaru Usman နဲ့ Robert Whittaker မဟုတ်ဘဲ Gilbert Burns ဖြစ်ပါတယ်။ Gilbert Burns က Khamzat Chimaev ကို (၁၁၉) ချက် ထိုးကြိတ်ကန်ကျောက်ဖူးပါတယ်။ Robert Whittaker က Khamzat Chimaev ကို (၂) ချက်ပဲ ထိုးဖူးတာပါ။
ပရိသတ်အများစုက Ground သမားဆိုရင် မကြိုက်ကြဘူး။ ဒါကလည်း ဘောက်ဆင်၊ ကစ်ဘောက်ဆင်နဲဲ့ မွေထိုင်းပွဲတွေ အကြည့်များကြလို့ပါ။ သံဇကာထဲမှာ ဝင်လုံးနေတာ ကြည့်ရတာ ပျင်းဖို့ကောင်းပါတယ်တဲ့။ ကျွန်တော်က Ground & Stand မရွေးဘဲ ပြီးခြေပြီးလက်ရှိရင် အကုန်ကြိုက်တယ်။ ပြီးခြေပြီးလက်မရှိရင် မကြိုက်ဘူး။ ဒါက ကျွန်တော့်အမြင်ပါ။ ဒီအပိုင်းမှာ Khamzat Chimaev က လေးစားထိုက်တယ်။ ကြမ်းပြင်ပေါ်ရောက်သွားရင် ပြီးခြေပြီးလက်ရှိတယ်။
Khamzat Chimaev က Kamaru Usman နဲ့ Gilbert Burns တို့ကို အမှတ်ပြတ်နိုင်ဖူးသည့်တိုင်အောင် ပျင်းစရာမကောင်းဘဲ ပွဲကြမ်းဖြစ်ခဲ့ပါတယ်။ ကျွန်တော်ခဏခဏရေးဖူးတယ်။ Khamzat Chimaev က မိုက်ဂုဏ်ရှိတယ်။ သူနာရင် ဆိုင်ထိုးပြိုင်ထိုးလုပ်ချင်တယ်။ မှတ်မိဦးမှာပါ။ ဒုတိယအချီမှာ Gilbert Burns ရဲ့ လက်သီးတွေလည်း ထိရော သံဇကာဘေးမှာ Khamzat Chimaev က မောင်းတင်ပြီး ဆိုင်ထိုးလိုက်တာ အရှိန်လွန်ပြီး ကုန်းကုန်းကြီးလဲနေရော။ အချိန်မီခြေဆွဲနိုင်လို့သာ သက်သာသွားတာပါ။
Kamaru Usman က Khamzat Chimaev ထက် Striking ပိုမြင့်တယ်။ ဒါကို Khamzat Chimaev က မကြောက်ပါဘူး။ Kamaru Usman ကိုလည်း ဆိုင်ထိုးပါတယ်။ ဒီနေရာမှာ တစ်ခုရှိတယ်။ မစ်ဒယ်ဝိတ်တန်းမှာ ကစားခဲ့ပေမယ့် Kamaru Usman က မစ်ဒယ်ဝိတ်အစစ်မဟုတ်ပါဘူး။ လူစားဝင်ထိုးရတာမို့ ဝယ်တာဝိတ်ချန်ပီယံဟောင်းက မစ်ဒယ်ဝိတ်တက်လာရတာပါ။ Dricus du Plessis က မစ်ဒယ်ဝိတ်အစစ်ပါ။ ဒါကို ထည့်တွက်ဖို့လိုမယ်။
ကြည့်ရသလောက်ဆိုရင် Khamzat Chimaev ရဲ့ သက်လုံက Hero to Zero ဖြစ်ပါတယ်။ အစောပိုင်းမှာ ဘီလူးဆိုင်းတီးနိုင်ပေမယ့် အချီကြာရင် ကျတတ်တယ်။ ဒါပေမယ့် အစောပိုင်းမှာတင် ပွဲသိမ်းနိုင်လို့သာ သက်လုံအားနည်းချက်က မသိသာတာပါ။ Dricus du Plessis ကို နိုင်ချင်ရင် သက်လုံပြင်ထားဖို့လိုတယ်။ ဟိုဆရာကြီးက (၅) မိနစ် (၅) ချီ (၂၅) မိနစ်ပြည့်အောင် အေးဆေးကစားနိုင်တယ်။
နောက်ဆုံးပွဲမှာ Dricus du Plessis ရဲ့ Striking က အထင်ကြီးစရာပါ။ Sean Strickland ကိုတောင် အသာစီးထိုးလာတာပါ။ Khamzat Chimaev ထက်လည်း ပိုကောင်းပါတယ်။ မိုက်စိတ်ဝင်ပြီး ဆိုင်မထိုးမိဖို့ လိုပါမယ်။ Dricus du Plessis ရဲ့ လက်သီးက မစ်ဒယ်ဝိတ်ပါဝါပါ။ အခန့်မသင့်ရင် ကျသွားနိုင်ပါတယ်။ တကယ်ဆိုရင် Khamzat Chimaev မှာလည်း အားသာချက်တွေ အများကြီးရှိပါတယ်။ သက်လုံ၊ မိုက်ဂုဏ်နဲ့ ကစားဟန်လေးသာ ပြင်ဆင်နိုင်ရင် မစ်ဒယ်ဝိတ်ချန်ပီယံခါးပတ်ဆိုတာ မဝေးတဲ့ အနာဂတ်မှာ ပိုင်ဆိုင်နိုင်ပါပြီ။

image