7 ပတ် - ဘာသာပြန်ပါ။

Bed-eviled (2016)

ရုပ်ရှင်ကားလေးကတော့ ထူးဆန်းသရဲဇာတ်လမ်းအမျိုးအစားဖြစ်ပြီး မစ္စတာ ဘီဒီဗယ်လ် ဆိုတဲ့ အက်ပ်ပလီကေးရှင်းက သူ့ကို အင်စတောလုပ်ထားတဲ့ ဖုန်းပိုင်ရှင်တွေကို အကြောက်တရားတွေနဲ့ လွှမ်းမိုးပြီး သုတ်သင်မှုတစ်ခုလိုမျိုးလုပ်တတ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ နစ်ကီ ဆိုတဲ့ ဆယ်ကျော်သက်အရွယ်ကောင်မလေးတစ်ယောက် ထူးဆန်းစွာ သေဆုံးသွားခြင်းက စတင်ပါတယ်။ သူသေသွားပြီးနောက်မှာ သူ့သူငယ်ချင်းတွေရဲ့ စမတ်ဖုန်းထဲကို အက်ပ်ပလီကေးရှင်းတစ်ခု အင်စတောလုပ်မလားဆိုတဲ့အင်ဗိုက်တွေ ရောက်လာပြီး၊ သူတိုကလည်း အမှတ်မထင်နဲ့ အင်စတောလုပ်သွားကြတာကြောင့် မဖြစ်သင့်တာတွေဆက်တိုက်ဖြစ်လာကာ အကြောက်တရားရဲ့ လွှမ်းမိုးမှုကို ခံကြရပါတော့တယ်။ Bed-eviled ဟာ နာမည်ကြီးသရဲကားတွေလောက် ကြောက်စရာမကောင်းဘဲဖြစ်ပေမယ့် သူ့အမျိုးအစားအတွက်တော့ အဆင်ပြေတဲ့ ထူးခြားတဲ့ဇာတ်လမ်းတစ်ခုဖြစ်ပြီး၊ တချို Jump Scare တွေမှာလည်း သေသပ်မှုရှိပါတယ်။

image