I Am a He-ro (2015)
ဂျပန်ဇွန်ဘီအက်ရှင်ရုပ်ရှင်တစ်ကားဖြစ်ပြီး ဟီဒဲအို ဟာ အသက် ၃၃ နှစ်ရှိပြီဖြစ်သော်လည်း မအောင်မြင်သေးတဲ့ ကာတွန်းဆရာတစ်ယောက်ဖြစ်ပါတယ်။ အတူနေချစ်သူတစ်ဦးရှိပြီး ကာတွန်းဆွဲတဲ့အလုပ်ကို ဇောက်ချလုပ်နေပေမယ့် အရံကာတွန်းဆရာဘဝကနေ တိုးတက်မှုမရှိခဲ့ပါဘူး။ အကြွေးတွေလည်းတင်လာပြီး ချစ်သူကလည်း ငြိုငြင်လာသောကြောင့် ဟီဒဲအို ရဲ့ဘဝမှာ စိတ်ညစ်စရာအရာတွေ များနေခဲ့ပါတယ်။ တစ်ရက်မှာတော့ သူနေရတဲ့မြိုမှာ ခွေးကိုက်ခံရာကနေ ကူးစက်တတ်တဲ့ ရောဂါအမျိုးမျိုး ပျံ့နှံလာခဲ့ပြီး၊ ဟီဒဲအို ၏အနီးဆုံးသူများကိုလည်း ကူးစက်လာကာ အန္တရာယ်တွေကို ရင်ဆိုင်ကြုံတွေ့လာရပါတယ်။ ဒီရုပ်ရှင်ကားဟာ မကြာသေးခင်က Facebook မှာ Video Clip အတိုအထွာလေးတွေ ပြန့်နှံလာတဲ့အပြင် လူတိုင်းကြည့်ချင်နေတဲ့ ဇွန်ဘီအက်ရှင်ကားတစ်ကားဖြစ်ပြီး IMDb Rating လည်း မနည်းအောင်ရရှိထားပါတယ်။ ဇာတ်လမ်းကလည်း မဆိုးသည့်အပြင် သွေးထွက်သံယိုများတာ၊ ကိုက်ဖြတ်မှုများတာမျိုး မကြည့်နိုင်သူများအတွက်တော့ ရှောင်သင့်တဲ့ ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။
