Gatl-opp (2024)
သူငယ်ချင်းဟောင်းတွေ တစ်ညတာ ပြန်လည်ဆုံစည်းပြီး ဂိမ်းဆော့ကြသည့်အချိန်မှာ စတင်လာတဲ့ ဇာတ်လမ်းဖြစ်ပြီး၊ သူတိုကစားတဲ့ Gatl-opp ဆိုတဲ့ဂိမ်းက သာမန်မဟုတ်တဲ့ Super-natural ဂိမ်းတစ်ခုဖြစ်ပါတယ်။ မြွေနဲ့လှေကားလိုပုံစံနဲ့ အံစာတုံးပစ်ကစားရတဲ့ ဂိမ်းဖြစ်သော်လည်း၊ ကတ်ထဲက မေးခွန်းတွေကို ဖြေဖြေနေရင်း တစ်ယောက်နောက်တစ်ယောက်ရဲ့ လျှိဝှက်ချက်တွေကို ဖြည်းဖြည်းနဲ့ ဖော်ထုတ်လာကြပြီး သူငယ်ချင်းကြားက သံယောဇဉ်တွေဟာ ပိုမိုကောင်းလာမလား၊ ဒါမှမဟုတ် ပိုဆိုးလာမှာလားဆိုတာ မသဲကွဲတဲ့ အဖြစ်အပျက်တွေနဲ့ဆက်တိုက်ကြုံတွေ့လာရပါတယ်။ ဂိမ်းအမျိုးအစားကို သဘောကျတဲ့သူတွေအတွက်လည်း Super-natural ပေါ့ပေါ့ပါးပါးနဲ့ စိတ်လှုပ်ရှားစရာအခန်းတွေနဲ့ပြည့်နေတဲ့ ဇာတ်ကားကောင်းတစ်ခုဖြစ်ပြီး IMDb rating 6.4 ရရှိထားတာကြောင့်အနည်းငယ်အပန်းဖြေချင်သူတွေစူးစမ်းကြည့်သင့်တဲ့ကားတစ်ကားလည်း ဖြစ်ပါတယ်။
