1 w - Translate

𝗭𝗟𝟭 𝟭𝗟𝗘
••••••••••••

Camaro ဟာ pony car ​လောကကို စတင်ခဲ့တာမဟုတ်​ပေမယ့် Mustang မစီးချင်သူ​တွေအတွက် ရွေးချယ်စရာတစ်ခုအဖြစ်နှင့် ရပ်တည်​ပေးခဲ့လို့ Chevrolet ကုမ္ပဏီအတွက် တန်ဖိုးထားရတဲ့ ​​မော်ဒယ်တစ်ခုဖြစ်ပါတယ်။ လက်ရှိမှာ Ford နှင့် Dodge တို့က muscle car DNA ပါဝင်တဲ့ EV ​တွေကို ထုတ်လုပ်​နေပြီး Chevy အ​နေနှင့် ဘယ်လိုတုန့်ပြန်မလဲ ဆိုတာ မသိရ​သေးပါဘူး။ သို့​ပေမယ့် အတိအကျ​ပြောနိုင်တာက Camaro ဟာ Mustang နှင့် Challenger ထက် ဒီဇိုင်းဆုတံဆိပ်​ပေါင်းများစွာ ရရှိခဲ့တဲ့အပြင် motorsport ​လောကနှင့်လည်း လုံးဝမစိမ်းတဲ့ ​မော်ဒယ်တစ်ခုပါ။ Indy 500 ပြိုင်ပွဲမှာလည်း ဒုတိယ​ထည့်သွင်း​ခံရဆုံး Pace Car ဖြစ်တဲ့အပြင် ဆွီဒင် racing series: Camaro Cup မှာ ၃၈ နှစ်တိုင်တိုင် တည်ရှိလာတဲ့ ကားတစ်စီးလည်း ဖြစ်ပါတယ်။

Mustang ပို​ကောင်းလား Camaro ပို​ကောင်းလား​​မေးခွန်းက ယခုချိန်ထိ အငြင်းပွားစရာသီအိုရီတစ်ခုအဖြစ် ကျန်ရှိ​နေ​ပေမယ့် အချက်အလက်ကျကျ နှိုင်းယှဥ်ပြရင် Camaro က ပို​ကောင်းပါတယ်။ Safety ဖြစ်မှုမှာလည်း Mustang ထက်ပိုသာပြီး track မှာ စူပါကားတွေနှင့်​တောင် ယှဥ်နိုင်တာ​မို့ Camaro ဟာ muscle car ​လောကရဲ့ ​အောင်မြင်မှုအရှိဆုံး ​မော်ဒယ်တစ်ခုပါ။ ယ​နေ့ episode ​လေးကို ဖတ်ရှု​ပေးတဲ့အတွက် ​ကျေးဇူးအထူးပင်ရှိပါတယ်🖤 နှုတ်မဆက်မှီ ​အောက်မှာ ထည့်သွင်းထား​သော bonus chapter များကို ဖတ်ရှု​ပေးကြပါဦးခင်ဗျာ။

image