7 w - Translate

𝗙𝗶𝗳𝘁𝗵 𝗚𝗲𝗻 𝗖𝗮𝗺𝗮𝗿𝗼
•••••••••••••••••••••••••

၁၉၉၂ ခုနှစ်က​နေ ထုတ်လုပ်လာခဲ့တဲ့ စတုတ္ထမျိုးဆက် Camaro ဟာ ၂၀၀၂ ခုနှစ်မှာ ထုတ်လုပ်မှုရပ်ဆိုင်းခြင်း ခံခဲ့ရပါတယ်။ Camaro ပဉ္စမမျိုးဆက်မလာခင် ၈ နှစ်​လောက် ​​ဝေးကွာသွားတဲ့ ကြားကာလမှာ Ford က မူလဒီဇိုင်းအ​ပေါ် ပြန်မှီခိုထားတဲ့ retro-futurism ​ရုပ်ထွက်ကို သုံးပြီး all new Mustang ကို ၂၀၀၅ ခုနှစ်မှာ မိတ်ဆက်ခဲ့ပါတယ်။ တစ်နှစ်တည်းမှာဘဲ Dodge Challenger၊ ၂၀၀၆ ခုနှစ်မှာ Dodge Charger တို့ကပါ ထွက်ရှိလာပြီဆို​တော့ ​စျေးကွက်ထဲ လူစုံတက်စုံရှိ​နေပြီဗျ။ ​နောက်ကျ​နေခဲ့တာဆိုလို့ Camaro တစ်​ယောက်ဘဲ ကျန်​ပါ​တော့တယ်။ ပဉ္စမမျိုးဆက် Camaro ကို ၂၀၀၆ ခုနှစ်၊ ဝါရှင်တန်ကားပြပွဲမှာ စတင်မိတ်ဆက်၍ ၂၀၀၈ ခုနှစ်မှာ '𝙏𝙧𝙖𝙣𝙨𝙛𝙤𝙧𝙢𝙚𝙧𝙨' ရုပ်ရှင်နှင့် လူသိထင်ရှားကြေငြာခဲ့ပါတယ်။ ၎င်းရုပ်ရှင်က ချက်ချင်းဆိုသလို ​​ပေါက်သွားခဲ့ပြီး Camaro ဟာလည်း ဇာတ်​ကောင် 'Bumblebee' နှင့် တစ်သားတည်းဖြစ်သွားပါတယ်။ ပဉ္စမမျိုးဆက်ကို ၂၀၀၉ ခုနှစ် ဒီဇင်ဘာလမှ တရားဝင်​ရောင်းချခဲ့တယ်ဆို​ပေမယ့် ရုပ်ရှင်က အလွန်​အောင်မြင်ခဲ့တာ​ကြောင့် ဇူလိုင်က ၂၂ ရက်​နေ့ကတည်းက Camaro SS: Transformer Edition ကို GM မှမိတ်ဆက်​ပေးခဲ့ပါတယ်။ ယ​နေ့​ခေတ်မှာ ​​​တွေ့မြင်​နေရတဲ့ Camaro က ​နောက်ဆုံးမျိုးဆက်ဖြစ်ပြီး​​တော့ Aerodynamics အရ၊ Nurburgring Lap Record အရ အမြန်ဆုံး muscle car လည်းဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်မှာ ကျ​ရောက်တဲ့ Camaro နှစ် ၅၀ ပြည့် နှစ်ပတ်လည်မှာ limited edition ​မော်ဒယ်ကို ထုတ်လုပ်ခဲ့ပြီး ​မြင်​တွေ့​နေကြ အဝါ​ရောင်အစား အမည်း​ရောင်ကို အသုံးပြုခဲ့ပါတယ်။ Mustang မှာက RTR specs တို့၊ GT500၊ Shelby Cobra စတဲ့ special edition ​တွေရှိ​ပေမယ့် Camaro က သူမတူ​အောင် ရုပ်ရှင်နှင့် ကစားစရာဘက်မှာ ​​ပိုထိုး​​ဖောက်နိုင်ခဲ့ပါတယ်။ ယ​နေ့ချိန်မှာ Hot Wheels Special Edition အများအပြား ရှိ​နေပြီး Transformers 5: The Last Knight မှာ သုံးသွားတဲ့ Camaro ဆိုရင် modified facelift ​ကြောင့် လူစိတ်ဝင်စားမှုအများအပြား ရရှိခဲ့ပါတယ်

image