7 ပတ် - ဘာသာပြန်ပါ။

𝗖𝗵𝗮𝗽𝘁𝗲𝗿 𝟰_______𝗗𝗲𝘁𝗵𝗿𝗼𝗻𝗲𝗱

Oil Crisis ကာလအတွင်း brand ​တော်​တော်များများရဲ့ pony car ​တွေဟာ ထုတ်လုပ်မှုရပ်ဆဲခြင်းခံခဲ့ရ​ပေမယ့် Mustang နှင့် Camaro က​တော့ ဆက်လက်ရှင်သန်​နေခဲ့ပါတယ်။ တတိယမျိုးဆက် Camaro ကို ၁၉၈၁ ခုနှစ်၊ ဒီဇင်ဘာလမှာ စတင်ထုတ်လုပ်ပြီး fast-back muscle car မဟုတ်ဘဲ hatch-back muscle car ဖြစ်သွားပါတယ်​။ Hatch-back ဆို​တော့ သ​ဘောကျစရာဗျ၊ အ​ပေါင်းအသင်း​တွေနှင့် အ​ပျော်​မောင်းတာဘဲဖြစ်ဖြစ်၊ မိသားစုလိုက် ခရီးသွား၊ ​စျေးဝယ် အဆင်​ပြေ​စေပါတယ်။ Sport Coupe, Berlinetta နှင့် Z28 ဘော်ဒီစတိုင်​ရွေးချယ်စရာ​​တွေ ရှိခဲ့တဲ့အပြင် inline 4 အင်ဂျင်ပါဝင်လာ​တော့ muscle car ​မောင်းချင်​ပေမယ့် အထိန်းအချုပ်​ကောင်း​ကောင်းမကျွမ်းကျင်​သေးတဲ့ လူမျိုး​တွေကပါ Camaro ဆီမျက်စိကြလာပါတယ်။

inline 4 Camaro က 0-60 ​ရောက်ဖို့ စက္ကန့် ၂၀ ​တောင်ကြာမြင့်တာ​​ကြောင့် Camaro ဝယ်​သော လူအ​ယောက် ၁၀၀ မှာ ၁၂ ​လောက်ဘဲ ၎င်း​မော်ဒယ်ကို ယူကြပါတယ်။ ကျန်​​သော ၃၇ ​ယောက်က V6 Camaro ​​ရွေးချယ်ပြီး ၅၁ ​ယောက်က V8 Camaro ကို ​​ရွေးချယ်ကြပါတယ်။ ထွက်ထွက်ပြီးချင်း ၁၉၈၂ ခုနှစ်မှာ Motor Trend မဂ္ဂဇင်းရဲ့ "Car of the Year" ဆုကိုရရှိပြီး ၁၉၈၅ ခုနှစ်မှာ IROC ပြိုင်ပွဲကြီးရဲ့ ပင်တိုင်​မော်ဒယ်အဖြစ်​ရွေးချယ်ခြင်း ခံခဲ့ရပါတယ်။ International Race Of Champions (​ခေါ်) IROC ပြိုင်ပွဲ​ကြောင့် Camaro Z28 က စက်ရုံတွင်းကုဒ်နာမည် 'Z28' ​ပျောက်ပြီး IROC-Z ရယ်လို့ ဖြစ်လာခဲ့ပါတယ်။ Corvette ရဲ့ အစိတ်အပိုင်း​တော်​တော်များများ ထည့်သွင်းတည်​ဆောက်ထားပြီး drag-race ​တွေမှာ အသုံးများပါတယ်။ ပြိုင်ဘက်ဖြစ်သူ Mustang ရဲ့ ကံအဆိုးဆုံးအချိန် လို့ ​ပြောရမလို၊ ၈၀ ခုနှစ်ကာလရဲ့ Mustang က အိမ်စီးကားသာသာ ​လောက်ဘဲရှိပါတယ်။ ဒီဇိုင်းပိုင်းတင်မက performance အရ​ပါ Camaro ကို ယှဥ်လို့မရတဲ့မပြင် motorsports ​လောကမှာ Ford က ​ခြေလှမ်းပျက်​နေ​တော့ Chevy ကုမ္ပဏီရဲ့ ရည်ရွယ်ချက်က ​ဖြစ်​မြောက်ခဲ့ပါတယ်။ ၁၉၆၀ ပထမမျိုးဆက်မှာကတည်းက လိုက်လံယှဥ်ပြိုင်ခဲ့တဲ့ Camaro ဟာ ၁၉၈၀ တတိယမျိုးဆက်​ရောက်ကာမှ Mustang ကို အပြတ်အသတ် အနိုင်ရခဲ့ပါတယ်

image