7 ပတ် - ဘာသာပြန်ပါ။

𝘁𝗮𝘁𝗶𝗼𝗻 𝗪𝗮𝗴𝗼𝗻 𝗗𝗲𝘀𝗶𝗴𝗻 𝗳𝗼𝗿 𝗖𝗮𝗺𝗮𝗿𝗼
••••••••••••••••••••••••••••••••••••••••••••••••

Chevy ကုမ္ပဏီဟာ mustang မိတ်ဆက်ပြီးချိန် တုံ့ပြန်နိုင်ဖို့ အသင့်ပြင်ဆင်မှု ဘာမှမရှိခဲ့တာ​ကြောင့် code- name: 𝘗𝘢𝘯𝘵𝘩𝘦𝘳 ကို လျို့ဝှက်စွာ စတင်ခဲ့ပါတယ်။ ​ထောက်လှန်း​ရေး​ကောင်းတဲ့ ဂျာနယ်လစ်တွေကလည်း automotive သတင်း​တွေမှာ "Chevy ဟာ Ford Mustang ကို ယှဥ်ပြိုင်ဖို့ Panther ​မော်ဒယ်ကို ပြင်ဆင်​နေတယ်" လို့ သတင်းဖြန့်တော့ Camaro ရယ်လို့ မမွေးဖွားခင်ကတည်းက Mustang နှင့် ပြိုင်ဖက်လိုဖြစ်​နေခဲ့တယ်ဗျ။ GM ပြန်ကြား​ရေးအရာရှိ​တွေကလည်း လူသိခံရခြင်းနည်းတူ တမူထူးအောင် မိတ်ဆက်ချင်တာ​ကြောင့် ၁၉၆၆ ခုနှစ်၊ ဇွန်လ ၂၁ ရက်​နေ့မှာ ဂျာနယ်လစ် အ​ယောက် ၂၀၀ ​​​ခန့်ဆီ ​ကြေးနန်းစာ နှစ်​ဆောင်ပေးပို့ခဲ့ပါတယ်။ ​ပေးပို့​ခဲ့သော ​ကြေးနန်းမှာ

(𝖮𝗋𝗂𝗀𝗂𝗇𝖺𝗅 𝖲𝗍𝖺𝗍𝗆𝖾𝗇𝗍)

" 𝘗𝘭𝘦𝘢𝘴𝘦 𝘴𝘢𝘷𝘦 𝘵𝘩𝘦 𝘯𝘰𝘰𝘯 𝘰𝘧 𝘑𝘶𝘯𝘦 28 𝘧𝘰𝘳
𝘪𝘮𝘱𝘰𝘳𝘵𝘢𝘯𝘵 𝘚𝘌𝘗𝘈𝘞 𝘮𝘦𝘦𝘵𝘪𝘯𝘨. 𝘏𝘰𝘱𝘦 𝘺𝘰𝘶
𝘤𝘢𝘯 𝘣𝘦 𝘰𝘯 𝘩𝘢𝘯𝘥 𝘵𝘰 𝘩𝘦𝘭𝘱 𝘴𝘤𝘳𝘢𝘵𝘤𝘩 𝘢 𝘤𝘢𝘵.
𝘋𝘦𝘵𝘢𝘪𝘭𝘴 𝘸𝘪𝘭𝘭 𝘧𝘰𝘭𝘭𝘰𝘸...."

𝘑𝘰𝘩𝘯 𝘓. 𝘊𝘶𝘵𝘵𝘦𝘳
𝘊𝘩𝘦𝘷𝘺 𝘱𝘶𝘣𝘭𝘪𝘤 𝘳𝘦𝘭𝘢𝘵𝘪𝘰𝘯𝘴
𝘚𝘌𝘗𝘈𝘞 𝘴𝘦𝘤𝘳𝘦𝘵𝘢𝘳𝘺

(𝖳𝗋𝖺𝗇𝗌𝗅𝖺𝗍𝖾𝖽 𝖲𝗍𝖺𝗍𝗆𝖾𝗇𝗍)

" ​ကျေးဇူးပြု၍ အ​ရေးကြီး 𝘚𝘌𝘗𝘈𝘞 𝘮𝘦𝘦𝘵𝘪𝘯𝘨
အတွက် ဇွန်လ ၂၈ ရက်​​၊ နေ့လယ်ခင်းကို
အချိန်​ပေးကြပါခင်ဗျ။ ​တွေ့ဆုံမှုက​နေ
ရရှိနိုင်သမျှ အကြံအဉာဏ်၊ အကူအညီကို ​
မျှော်လင့်​နေမိပါတယ်။ အ​သေးစိတ်အချက်
များ ​လာရန်ရှိသည်...."

ဂျွန် အယ်လ်. ကတ်တာ
𝘊𝘩𝘦𝘷𝘺 လူမှုဆက်ဆံ​ရေး
𝘚𝘌𝘗𝘈𝘞 အတွင်း​ရေးမှုး

(𝖮𝗋𝗂𝗀𝗂𝗇𝖺𝗅 𝖲𝗍𝖺𝗍𝗆𝖾𝗇𝗍)

" 𝘚𝘰𝘤𝘪𝘦𝘵𝘺 𝘧𝘰𝘳 𝘵𝘩𝘦 𝘌𝘳𝘢𝘥𝘪𝘤𝘢𝘵𝘪𝘰𝘯 𝘰𝘧 𝘗𝘢𝘯𝘵𝘩𝘦𝘳𝘴
𝘧𝘳𝘰𝘮 𝘵𝘩𝘦 𝘈𝘶𝘵𝘰𝘮𝘰𝘵𝘪𝘷𝘦 𝘞𝘰𝘳𝘭𝘥(𝘚𝘌𝘗𝘈𝘞) 𝘸𝘪𝘭𝘭
𝘩𝘰𝘭𝘥 𝘧𝘪𝘳𝘴𝘵 𝘢𝘯𝘥 𝘭𝘢𝘴𝘵 𝘮𝘦𝘦𝘵𝘪𝘯𝘨 𝘰𝘯 𝘑𝘶𝘯𝘦 28...."

𝘑𝘰𝘩𝘯 𝘓. 𝘊𝘶𝘵𝘵𝘦𝘳
𝘊𝘩𝘦𝘷𝘺 𝘱𝘶𝘣𝘭𝘪𝘤 𝘳𝘦𝘭𝘢𝘵𝘪𝘰𝘯𝘴
𝘚𝘌𝘗𝘈𝘞 𝘴𝘦𝘤𝘳𝘦𝘵𝘢𝘳𝘺

(𝖳𝗋𝖺𝗇𝗌𝗅𝖺𝗍𝖾𝖽 𝖲𝗍𝖺𝗍𝗆𝖾𝗇𝗍)

" Automotive ​လောကမှ Panther များကို
အပြီးတိုင်ဖျက်သိမ်းသွားရန်အတွက်
အသင်းအဖွဲ့(𝘚𝘌𝘗𝘈𝘞) ၏ ပထမဆုံးနှင့်
​နောက်ဆုံး ​meeting ကို ဇွန်လ ၂၈ ရက်​နေ့မှာ
ပြုလုပ်သွားပါမည်..."

ဂျွန် အယ်လ်. ကတ်တာ
𝘊𝘩𝘦𝘷𝘺 လူမှုဆက်ဆံ​ရေး
𝘚𝘌𝘗𝘈𝘞 အတွင်း​ရေးမှုး

(ဘာသာပြန်အမှားပါခဲ့ရင် ​ထောက်​ပြပေးကြပါခင်ဗျာ)

ရုတ်တရက်ကြီး ​ကြေးနန်းစာ​ဆောင်ဝင်လာပြီး SEPAW ပထမဆုံးနှင့် ​နောက်ဆုံး meeting ဆို​တော့ ဘာကို​ပြောလို့​ပြောချင်မှန်းမသိဘဲ အ​ဖြေရှာမရဖြစ်ခဲ့ပါတယ်။ ဒီလိုနှင့် ဇွန် လ ၂၈ ရက်​နေ့​ရောက်ရှိလာတဲ့အခါ GM မှ SEPAW meeting ကို ဒီထရိုက်မြို့ (Detroit)၊ Statler-Hilton ​​ဟော်တယ်တွင် အ​မေရိကန်မြို့ကြီး ၁၄ ​မြို့ဆီ တိုက်ရိုက်ချိတ်ဆက်​သော တယ်လီဖုန်းလိုင်းမှ တဆင့်ကျင်းပခဲ့ကာ သမိုင်းရဲ့ ပထမဆုံး 'Mass Teleconference' ဖြစ်ခဲ့ပါတယ်။

SEPAW meeting မှာ Chevy အ​ထွေ​ထွေမန်​နေဂျာ Pete Estes က ဒီက​နေ့ သတင်းစာရှင်းလင်းပွဲ ကို ​တက်​ရောက်သူအားလုံးဟာ SEPAW ရဲ့ အဖွဲ့ဝင်​တွေဖြစ်ပြီး ယခု​တွေ့ဆုံမှုဟာလည်း ပထမဆုံးနှင့် ​နောက်ဆုံး​သော SEPAW meeting ပါလို့ တစ်ပါတည်း​ပြောကြားခဲ့ပါတယ်။ ​ထို့​နောက် ​​​မော်ဒယ်လိုင်းအသစ်တစ်ခုနှင့် ဒီဇိုင်းပ​ရောဂျက်: XP-836 ကို ​ကြေငြာခဲ့ပါတယ်။ ​စာဖတ်သူက ​ကြေငြာမည့် ​မော်ဒယ်သစ်နာမည်ကို​ Camaro မှန်းသိပြီးသားဖြစ်မှာ​ပေါ့​နော်။ ဒါ​ပေမယ့် မသိကြ​သေးတဲ့ သူ​တွေက Camaro နာမည်ကို ဘာ​ပြောချင်မှန်း အဓိပ္ပါယ်​ဖော်မရဖြစ်​နေခဲ့ပါတယ်။ ဒီ​တော့ Pete က "Camaro ဆိုတာ ​သေးငယ်၊ ရက်စက်ပြီး Mustang တွေကို သတ်ဖြတ်စား​သောက်တတ်တဲ့ တိရစ္ဆာန်တစ်​ကောင်" လို့ ​ဖြေကြားခဲ့တယ်ဗျ။

Chevy ကားအသစ်က Mustang ကို ယှဥ်ပြိုင်ဖို့မှန်း လူတိုင်းလိုလိုသိ​ပေမယ့် အခုလို​​​ပြောလိုက်​တော့ Camaro နှင့် Mustang တို့ဟာ သား​ကောင် နှင့် သားရဲဆန်ဆန် ဖြစ်လာပါ​​တယ်။ ဒါကလည်း ​ကောင်းတဲ့အချက်ဘဲဗျ၊ ပြင်သစ်ဗန်းစကားအရ Camaro ကို ရဲ​ဘော်ရဲဘက်၊ သူငယ်ချင်းလို့သာ ​အဓိပ္ပါယ်​​ဖော်ကြမယ်ဆို မိသားစုကားလိုလို၊ လူငယ်စီးကားအ​သေးစားလိုလိုဘဲ ဖြစ်​နေ​မှာ၊ အခုလို ဒဲ့​ပြောလိုက်​တော့မှ Camaro နာမည်က aggressive ဖြစ်လာတယ်လို့ စိတ်ထဲခံစားမိပါတယ်။ စာဖတ်သူ​ကော ဘယ်လိုထင်မိပါသလဲ...?