7 ပတ် - ဘာသာပြန်ပါ။

𝗖𝗵𝗮𝗽𝘁𝗲𝗿 𝟭_______𝗦𝗘𝗣𝗔𝗪

၁၉၆၀ ခုနှစ်၊ အ​မေရိကန်ကား​လောကမှာ ကုမ္ပဏီတိုင်းက segment တိုင်းအတွက် အသင့်ရှိ​သော ကား​တွေနဲ့ လည်ပတ်​နေခဲ့ပါတယ်။ ဥ​ရောပဘက်မှာက ​ဖော်မြူလာဝမ်း၊ Le Mans တို့အတွက် Ferrari၊ Alfa Romeo၊ Porsche တို့က ချန်ပီယံဖြစ်ဖို့ အပြိုင်အဆိုင်ပြင်း​ထန်နေချိန်​ပေါ့။ အ​မေရိကန် muscle car ​ခေတ်မလာ​သေးမှီ truck ​တွေကို လူကြီးလူငယ်မ​ရွေးကြိုက်နှစ်သက်ကြ​သော်လည်း sporty ဖြစ်မှုကို ​ပေးစွမ်းနိုင်မည့် ကားက​တော့ ရှားပါတယ်။ ဒီလိုအပ်ချက်ကို ဖြည့်​​ဆည်းချင်တဲ့ Ford က သူ့အချိန်အခါက ဘယ်သူမှမကြားဖူး​သေးတဲ့ 'Pony Car' ​class ကို Ford Mustang နှင့် ၁၉၆၄ ခုနှစ်၊ ဧပြီလ ၁၇ ရက်​နေ့တွင် စတင်မိတ်ဆက်ခဲ့ပါတယ်။ ပထမမျိုးဆက်မှာ အင်ဂျင်က Ken Miles ​ဝေဖန်ခဲ့တဲ့အတိုင်း အ​ကောင်းကြီး​တော့ မဟုတ်​ပေမယ့် Ford ရဲ့ Mustang မိတ်ဆက်မှုက စီးပွား​​ရေး​လောကမှာ အ​တော်​လေးရိုက်ခတ်သွား​​စေတယ်ဗျ။ လုံးဝမရှိ​သေးတဲ့ Pony Car class အသစ်အတွက် အ​မေရိကန်ကားထုတ်လုပ်သူတိုင်းဟာ ခေါင်းနပမ်းအကြီးအကျယ်ရိုက်သွားပြီး ​pony car စျေးကွက်ထဲ လိုက်လံယှဥ်ပြိုင်နိုင်ဖို့ ​မော်ဒယ်အသီးသီးကို ထုတ်လုပ်ခဲ့ရပါတယ်။ AMC မှ Javelin, Pontiac မှ Firebird၊ Dodge က Challenger နှင့် GM ဘရန်းခွဲ: Chevy မှ Camaro တို့ကို mustang ထွက်ပြီး မကြာခင်မှာ မိတ်ဆက်ခဲ့​ပေမယ့် Camaro ​လောက် ယှဥ်ပြိုင်မှုအားမပြင်းထန်ခဲ့ပါဘူး။ Chevy အ​နေနှင့်လည်း ၁၉၆၀ ကာလအတွက် ကြိုတင်စီစဥ်ထားတဲ့​ ​မော်ဒယ်​တွေရှိခဲ့​သော်လည်း Ford က 'Pony Car ​ဟေ့' ဆိုပြီး ​ကောက်မိတ်ဆက်လိုက်တဲ့အခါ Camaro ​မွေးဖွားလာဖို့ ဇာတ်အိမ်တည်လာခဲ့ပါတယ်။

image