6 ပတ် - ဘာသာပြန်ပါ။

❝ သက်ရှိကဗျာ - ဘုန်းပြည့်စုံမင်း ❞
× ×
❛ ရာသီဥတုက
အနုတ်လက္ခဏာအောက်ကို
ရောက်လေလေ
ကိုယ်တို့ ဆက်ဆံရေးတွေ
အေးခဲသွားမှာကို စိုးရိမ်လေလေ
မဆီမဆိုင်ပဲပေါ့
ဒီမှာ . . .
အနေဝေးမှုအပေါ်
သံသယကြီးကြီးရှိတယ်
တစ်ယောက်တည်း အိပ်ပြီး
တစ်ယောက်တည်း နိုးရတာကို မုန်းတယ်
စိုးလွင်လွင် သီချင်းလို
ငလျင်လှုပ်တုန်း
ပုခက်လွှဲချင်ကြတဲ့ လက်တွေ
ကိုယ်တို့ကြားကို
ပင့်ကူမျှင်တွေနဲ့ အပစ်ခံရတယ်
ကြားလေသွေးလို့ ဝေးရရင်
ဒီသွေးတွေ မခြောက်ပါရစေနဲ့တော့
လောင်ပါစေ
ဒီလိုပြောတဲ့အခါ
သွားလေးတွေပေါ်အောင် ပြုံးပြီး
နှုတ်ခမ်းလေးတွေ တွန့်အောင်
ရယ်နေမလား
အနေဝေးတဲ့အခါ
ဆောင်းညတွေဟာ ပိုအေးကြောင်း
မင်းကော ကိုယ်ပါ သိလာပြီ
စောင်ကို ခေါင်းမြီးမခြုံပါနဲ့
ကိုယ် အသက်ရှူကြပ်တယ်
တယ်လီပသီဟာ
ကိုယ်တို့နှစ်ယောက်ကြား ယှက်ဖြာလို့
တစ်ဆောင်းသစ်တဲ့အခါတိုင်း
ချစ်ခြင်းမေတ္တာဟာ
မဟောင်းကြောင်း ပြောပြမယ်
အရမ်းအေးတဲ့အခါ
ကိုယ့်အကြောင်း သတိရပါ
ဖွဲ့စည်းပုံ အခြေခံဥပဒေကို
ပြင်လို့ ရချင်ရမယ်
ငါ မင်းကိုချစ်တာကိုတော့ ပြင်လို့ မရဘူး ❜
• ဘုန်းပြည့်စုံမင်း •

image