အကြီးအကျယ်စွန့်စားခန်းပေါ့ဗျာ
တွမ်ဘယ်လိုခရီးနှင်ခဲ့လဲ၊ ပိုက်ဆံမရှိဘဲ
ကမ္ဘာကြီးရဲ့ နေရာတော်တော်များများကို
သူဘယ်လိုအရောက်သွားခဲ့လဲ။ ကျွန်တော်
အခုပြောမှာက တွမ့်အကြောင်းတော့ မဟုတ်ဘူး။
တွမ့်ကို အားကျပြီးတော့ သူလိုမျိုး
လျှောက်သွားဖို့ ကြိုးစားတဲ့ လူလတ်ပိုင်း
လူတစ်ယောက်ရဲ့ အကြောင်းပေါ့။ သူ့လိုရော
ကျွန်တော် သွားနိုင်ပါ့မလား၊ ကျွန်တော် ခဏခဏစဉ်းစားနေမိတယ်။ ဒါပေမဲ့ ပြောခဲ့တဲ့
စကားတစ်ခွန်းကြောင့် ကျွန်တော် ဒီခရီးကိုစခဲ့တယ်။
Twenty years from now
you will be more disappointed
By the things that
you did'nt do that by the ones you did do.
• Mark Twain •
တွမ်ရဲ့ ကမ္ဘာပတ်ခရီးစဉ်က
သူ့အိမ်ကထွက် အဝေးပြေးလမ်းမပေါ်တက်
အဲဒီကနေစတာပဲ။ သူက ကားကြုံတားစီးမယ်၊ အလကားပေးတည်းတဲ့ သူတွေဆီမှာ နေမယ်။
သူ့စရိတ်အတွက် ခရီးတစ်လျှောက်မှာ
ရတဲ့အလုပ် ဝင်လုပ်သွားမယ်ပေါ့ဗျာ။
ကျွန်တော်ကတော့ ငယ်ငယ်ကတည်းက
အရမ်းဂရုစိုက်တဲ့ မိဘနဲ့၊ အိမ်အကူနဲ့
ကြီးပြင်း လာရတာ၊ ကိုယ်စားတဲ့ပန်းကန်တောင်
သူများဆေးပေးနေရတဲ့သူ၊ ရေဘူးလေး
လှမ်းပါဦးဆိုတဲ့ လူမျိုးပေါ့။ ဒါပေမဲ့
တွမ်ပြောတဲ့စကားကို ကြိုက်တယ်။
အဲဒီစကား ကပဲ ကျွန်တော့်ကို ကြီးမားတဲ့
တွန်းအားတစ်ခုဖြစ်စေခဲ့တယ်။ သူပြောတာက
အဲဒီလိုလျှောက်သွားဖို့ အရဲရင့်ဆုံးလူတစ်ယောက်
ဖြစ်ဖို့ မလိုဘူး။ ဟော်လီးဝုဒ် ရုပ်ရှင်ထဲက
မင်းသားတစ်ယောက်လည်းဖြစ်ဖို့ မလိုဘူး။
သတ္တိနည်းနည်းရှိရင်ရပြီ။ အဲဒါကတော့
ထွက်ခွာဖို့သတ္တိ၊ အဲဒီလို ငွေနည်းနည်းပါးပါးနဲ့
ခရီးသွားဖို့ ကျွန်တော့်သူငယ်ချင်းတွေကို
ပြောပြတော့ ဒီကောင်တွေက ဘာမှတ်နေလဲ
မင်းကို ကလီစာ ထုတ်ရောင်းလိမ့်မယ်၊
တချို့ကကျတော့လည်း မင်းရူးနေလား၊
ပိုက်ဆံမပါဘဲနဲ့ မြန်မာ တစ်ယောက်အနေနဲ့
ဒါမျိုးက မဖြစ်နိုင်ဘူး။ ဒါမျိုးက လူဖြူတွေပဲ
လုပ်လို့ရတာကွ။ မင်းတစ်ခုခုဖြစ်ရင်
မြန်မာသံရုံးက မင်းကိုလာမခေါ်ဘူး။
တချို့တွေကတော့ မင်းလု ခံရမှာ။
တစ်ယောက်ယောက်က မင်းကို မုဒိမ်းကျင့်လိမ့်မယ်။ အဲဒီလိုမျိုး ကျွန်တော်တို့ ဖြတ်သန်းကြီးပြင်းလာတဲ့
ဖိနှိပ်ဘောင်ခတ်ပုံစံခွက်ထဲက အသားကျနေတဲ့
အမြင်တွေနဲ့ ဝိုင်းပြောကြပါတယ်။ ပထမတော့ ကျွန်တော် ညစ်သွားတယ်။ ငါရူးနေပြီလားပေါ့။
ဒီတော့ ကျွန်တော် စဉ်းစားမိတာက
ငွေနည်းနည်းလေးနဲ့ ခရီးသွားတာ လူဖြူတွေပဲ
လုပ်လို့ရတဲ့ကိစ္စဆိုတာ ဟုတ်ရဲ့လား၊
သွားတဲ့နည်းလမ်းတချို့ကိုသိရင်
ကျွန်တော်တို့ရော သွားလို့မရနိုင်ဘူးလား။
ဘော်ဒါတစ်ယောက်၊ နှစ်ယောက်လောက်ကတော့
လုပ်ကွာလို့ အားပေးကြပါတယ်။
အမေ့ကိုပြောတော့ သွားချင်တဲ့ဆီသွား၊
တစ်နေ့ သူ့ဆီကိုသာ ရောက်အောင်ပြန်လာခဲ့တဲ့။
အစက သွားဖြစ်ရင် လိုက်မယ်ဆိုတဲ့
လူတွေကလည်း သွားကာနီးမှာ အမေနဲ့
တိုင်ပင်ဦးမယ်၊ စာမေးပွဲဖြေရဦးမယ်၊
ကျူရှင်တက်ဦးမယ်တွေ ဖြစ်ကုန်ကြတာပေါ့။ သူငယ်ချင်းတွေနဲ့ ခရီးသွားဖို့ချိန်းရင်
ဘယ်လိုဖြစ်တတ်တယ်ဆိုတာ
ကျွန်တော်မပြောလည်း အားလုံးသိပြီးသားပါ။
ဒါနဲ့ ကျွန်တော် တွမ်ပြောသလို သိပ်မတွေးတဲ့
နည်းလမ်းကို အသုံးပြုလိုက်ပါတယ်။
❝ ငါ India သွားမယ် ❞
• ရဲငွေစိုး •
× × × × × × ×
အစီအစဉ်မဲ့ ခရီးသွားဟာ
ပုံမှန်သမားရိုးကျ ခရီးသွားအကြောင်းအရာတွေနဲ့
ကွဲပြားတဲ့အတွေ့အကြုံတွေကို စိတ်ဝင်စားဖွယ်ဖြစ်အောင် ဖန်တီးထား နိုင်တယ်။ အရေးကြီးတယ်လို့ ကျွန်တော်ခံယူထားတဲ့လွတ်လပ်မှုနဲ့
ကိုယ်ပိုင်ဟန်ကို ဖော်ကြူးနိုင်ခဲ့တယ်။
ဒီစာအုပ်ကိုဖတ်ရင်း စာရေးသူကြိုက်တဲ့
သီချင်းတွေ၊ အနုပညာ တွေနဲ့အတူ
လွင့်မျောနိုင်ပါလိမ့်မယ်။
• မျိုးဇေယျာဦး •
× × × × × ×
ဒီစာအုပ်လေးမှာ စာဖတ်ရင်း ရဲငွေစိုးနှင့်အတူ
သူသွားခဲ့တဲ့ ခရီးစဉ်တွေကို Video အနေနဲ့ပါ
ခံစားနိုင်ဖို့၊ အခန်းတိုင်းရဲ့အဆုံးမှာ
စာဖတ်ပရိသတ်ရဲ့ ဖုန်းနဲ့ Youtuneကနေ
ကြည့်နိုင်ဖို့ QR Code တွေ ထည့်ပေးထားပါတယ်။
ဖုန်းနဲ့ Scan ဖတ်ပြီးကြည့်နိုင်ပါတယ်။
လူငယ်တွေ ခရီးတွေများများ ထွက်နိုင်ဖို့
ဆန္ဒပြု မျှော်လင့်ရင်း. . .
• စာပေလောက •
