6 w - Translate

❝ ကမ္ဘာကြီးလုံးတယ်ဆိုတုန်းကလည်း
ကျွန်တော်ပြုံးမိပါတယ်။
တယ်လည်းလျှာရှည်တဲ့
ပညာတတ်တွေပဲလို့။
တစ်ခါ
ကမ္ဘာကြီးပြားပြန်ပြီတဲ့
ဘယ်လိုဖြစ်ရတာတုံး။
အင်းပေါ့လေ။
တယ်လည်းလျှာရှည်တဲ့
ပညာတတ်တွေပဲကိုး။
ကမ္ဘာကြီးဟာ
သူတို့အလိုအရ လုံးရပြားရ။
သူတို့အလုပ်က
တော်တော်လည်းဟုတ်တယ်လို့
သူတို့ဘာသာသူတို့
သက်သေပြချက်ထုတ်ကြတယ်။
ကျွန်တော်ဟာသာမန်ပြည်သူ
ကဗျာတို၊စာတိုလေးတွေ
မရေးတတ် ရေးတတ်နဲ့ရေးနေတဲ့
ကဗျာရေးသူပါ။
ကမ္ဘာကြီးလုံးသည်ဖြစ်စေ
ကမ္ဘာကြီးပြားသည်ဖြစ်စေ
တရားမျှတသောကမ္ဘာကြီးသာ
တောင့်တပါ၏။ ။
• အောင်ချိမ့် •

image