6 ပတ် - ဘာသာပြန်ပါ။

❛ မအောင်မြင်တဲ့ ဆိုရှယ်လစ်ခေတ်ရဲ့
နောက်ဆုံးနေ့ ရက်တွေဟာ
လူငယ်လေးတစ်ယောက်ကို
ကျောင်းမှာမသင်တဲ့ အရာတွေကို
သင်ကြားပြသပေးခဲ့တယ်။
နွားနို့ခွက်ဟာ အလွယ်တကူ
အေးစက်သွားတတ်မှန်း၊
လူသားရဲ့ဆန္ဒဟာ တောင်ပံနာနေတဲ့
ဌက်ကလေးတစ်ကောင် ဖြစ်မှန်း၊
တိမ်မည်းတွေထဲမှာ နတ်ဘုရားတွေရဲ့
ရယ်သံတွေ ကိန်းဝပ်နေမှန်း၊
စနစ်တစ်ခုရဲ့ ပင့်ကူအိမ်ဟာ
အဲဒီစနစ်ရဲ့ ခြေတွေ လက်တွေကို
ပြန်တုပ်နှောင်ထားမှန်း၊
လူငယ်လေးကို တစစ
သိမြင်လာစေတဲ့ နေ့ တွေပေါ့လေ ။
▫️အောင်ခင်မြင့် // ဟယ်လိုကော့ပါးနီးကပ်စ်

image