6 w - Translate

Bitcoin ဈေးတက်အောင် SEC အကောင့် hack ခဲ့သူ


အဖြစ်က မနှစ်ကပါ။ အခုတော့ အဲ့ဒီလူလည်း ထောင်ကျသွားပါပြီ။

၂၀၂၄ ဇန်နဝါရီလတုန်းက SEC (ငွေချေးသက်သေခံ လက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်) ရဲ့ X အကောင့် အခိုးခံလိုက်ရပါတယ်။ SEC ဆိုတာက စတော့ရှယ်ယာနဲ့ ငွေကြေးဈေးကွက်ကို ကြီးကြပ်ထိန်းကျောင်းတဲ့ အစိုးရအဖွဲ့ပါ။

ဒီအကောင့်ကို Hack ခဲ့သူက X မှာ "Bitcoin ETFs (Exchange Traded Funds) တွေကို SEC က ခွင့်ပြုလိုက်ပြီ" ဆိုပြီး တင်ခဲ့တာပါ။ Bitcoin ETF တွေ SEC ရဲ့ ရင်းနှီးမြှုပ်နှံမှု စတော့အိတ်ချိန်းဈေးကွက်ဝင်ပြီဆိုတဲ့ ဒီပို့စ်ကြောင့် Bitcoin ဈေး ဒေါ်လာ ၁၀၀၀ ကျော် တက်သွားခဲ့ပါတယ်။

SIM swap လို့ ခေါ်တဲ့ SEC ရဲ့ X အကောင့်နဲ့ ချိတ်ထားတဲ့ ဖုန်းနံပါတ်ကို ပွားပြီး Hack သွားတာပါ။ hack သွားတဲ့သူ နာမည်က SEC ရဲ့ နောက်ဆုံးစာလုံးနဲ့ နာမည်တူ အဲရစ်ကောင်စီလို့ ဖြစ်ပါတယ်။

Bitcoin ETF တွေအတွက် ကောင်စီဘက်က ဆုံးဖြတ်ချက်ကို ဈေးကွက်က မျှော်နေတဲ့အချိန် ဖြစ်လို့ ခဏလေးနဲ့ Bitcoin တွေ ဈေးထိုးတက်ခဲ့ပါတယ်။ နောက်သတင်းမှား ဖြစ်မှန်းသိမှ ပြန်ထိုးကျသွားတာပါ။

အခု သောကြာနေ့မှာပဲ SEC အကောင့် ခိုးခဲ့တဲ့ အသက် ၂၆ နှစ်အရွယ် အဲရစ်ကောင်စီကို ထောင်ဒဏ် ၁၄ လနဲ့ ၃ နှစ် ခြေချုပ်စောင့်ကြည့်ခံရဖို့ အမိန့်ချမှတ်ခံထားရပါတယ်။

image