ဓါတ်ပုံထဲက လူတွေရဲ့ အဝတ်အစားတွေကို ချွတ်ပစ်နိုင်တဲ့ Huawei Pura 70 Series ရဲ့ AI Editing Tool
AI ဟာ လူသားတွေကို အကျိုးပြုနိင်သလို အန္တရာယ်လည်း ပေးနိုင်ပါတယ်။ အခုလည်း Huawei မကြာခင်က ကြေညာခဲ့တဲ့ Pura 70 Series မှာ AI ကြောင့် ပြဿနာတက်နေပါတယ်။ အဲဒီဖုန်းတွေမှာ AI နည်းပညာနဲ့ ဓါတ်ပုံတွေထဲက မလိုလားအပ်တဲ့ အရာတွေကို ဖယ်ရှားနိုင်ပါတယ်။ ဒါပေမယ့် အဝတ်အစားတွေကို ဖယ်ရှားနိုင်တာက စိုးရမ်စရာတွေ ဖြစ်လာပါတယ်။
အဲဒီဖုန်းတွေမှာ ပါတဲ့ “Smart AI Retouching “ Feature က ခလုတ် တစ်ချက်နှိပ်ရုံနဲ့ အဝတ်အစားတွေကို လွယ်ကူစွာ ဖယ်ရှားနိုင်ပါတယ်။ တရုတ် လူမှုကွန်ရက် ဝီဘိုမှာ အဲဒီအကြောင်းကို ဖော်ပြထားတဲ့ ဗီဒီယိုတွေ ပလူပျံနေပါတယ်။
ဓါတ်ပုံထဲက အဝတ်အစားတွေကို ချွတ်ပြီး တခြား လူတွေရဲ့ ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေကို အစားထိုးထည့်သွင်းတာဟာ တော်တော် ကြောက်စရာကောင်းပါတယ်။ အဲဒီလို AI နဲ့ ပြုပြင်ထားတဲ့ ဓါတ်ပုံတွေဟာ အန္တရာယ်များသလို လူတွေကို အရှက်ရစေမှာပါ။
Huawei က နောက်လာမယ့် System Update မှာ အဲဒီ ပြဿနာကို ဖြေရှင်းပေးမယ်လို့ ပြောပါတယ်။
Ref : digitaltrends
