#ပြည်တွင်းသတင်း
◼ မန္တလေး၌ အသက်(၁) နှစ်ခွဲအရွယ် ကလေးနှင့်ဖခင်ဖြစ်သူသစ်ပင်ပိသေဆုံး
မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက်၊ ၄၁ လမ်းနှင့် ၈၉ လမ်းထောင့်၊ အဘယာရာမ ရွှေဂူကျောင်းတိုက်ရှိ ငလျင်ဘေးရှောင်ယာယီတဲပေါ်သို့သစ်ပင်လဲကျရာမှ အသက်(၁) နှစ်ခွဲအရွယ် ကလေးနှင့်ဖခင်ဖြစ်သူတို့သစ်ပင်ပိသေဆုံးခဲ့ကြောင်း မိုဃ်းကောင်းရသလူမှုကူညီးရေးအသင်းထံမှ သိရသည်။
ယနေ့(မေ ၁၈ ရက်) နံနက် ၁၂ နာရီခွဲခန့်တွင် အဘယာရာမရွှေဂူကျောင်းတိုက်အတွင်းရှိ လုံးပတ်ငါးပေခန့်၊ အရှည်ပေ ၄၀ ခန့်ရှိကုက္ကိုလ်ပင်သည် မိုးရွာသွန်းထားခြင်းကြောင့် အမြစ်မှလှန်၍ယာယီမိုးကာတဲပေါ်သို့လဲကျခဲ့ကြောင်း၊ တဲအတွင်းအိပ်ပျော်နေသည့် အသက်(၄၅) နှစ်ခန့်ရှိဖခင်နှင့် အသက်(၁) နှစ်ခွဲခန့်ရှိသမီးဖြစ်သူတို့ သစ်ပင်ပိသေဆုံးခဲ့ကြောင်းသိရသည်။
"နေ့လယ်ပိုင်းမှာမိုးရွာတယ်။ လေကလည်းတိုက်တယ်။ ညနေ ၅ နာရီလောက်မှာမိုးတိတ်သွားတယ်။ ပြီးတော့ ည ၁၀ နာရီခွဲလောက်မှာငလျင်လှုပ်တယ်။ အဲဒီနောက်တစ်နာရီလောက်အကြာမှာ ငလျင်ဘေးသင့်ကယ်ဆယ်ရေးစခန်းပေါ်ကိုသစ်ပင်လဲကျတယ်။ အထဲအိပ်နေတဲ့သူတွေရှိတယ်။ သေဆုံတဲ့သားဖနှစ်ဦးကသစ်ပင်နဲ့နီးကပ်တဲ့နေရာမှာရှိတာကြောင့် ပိပြီးနေရာမှာပဲသေဆုံးခဲ့တာပါ" ဟု မိုဃ်းကောင်းရသလူမှုကူညီးရေးအသင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
သေဆုံးသူနှစ်ဦးအားမိုဃ်းကောင်းရသလူမှုကူညီးရေးအသင်းမှ မန္တလေးပြည်သူ့ဆေးရုံးကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
သတင်း - ပိုင်လေး
