#ကိုရီးယားထမင်းလိပ် (ဂင်ဘော့) လုပ်စားရအောင် .
----------------------------------------
ကိုရီးယားတွင် လူကြိုက်များပြီ ရေပန်းစားဆုံး ဟင်းလျာတစ်မျိုးနှင့် မိတ်ဆက်ပေးပါရစေ။ ကိုရီးယားထမင်းလိပ်ဟာ ဂျပန်ဆူရှီနှင့် ပုံစံ အတော်တူပါတယ်။ ဒါပေမယ့် ကိုရီးယား ထမင်းလိပ်မှာ ငါးစိမ်းတွေ မပါဝင်ပဲ အသီးအရွက်၊ ဟမ်တို့နှင့်သာ လိပ်ထားတာမို့ ကုန်ကျစရိတ် ပိုသက်သာပြီ ပါဝင်ပစ္စည်းတွေကို အလွယ်တကူ ဝယ်ယူ နိုင်မှာပါ။ ဝတ်ရည်ကတော့ ဂျပန် ဆူရှီရော၊ ကိုရီးယား ထမင်းလိပ်ရော နှစ်မျိုးလုံး နှစ်သက်ပါတယ်။ သို့သော် ကိုရီးယား ထမင်းလိပ်မှာ ဆူရှီတွင် မပါဝင်တဲ့ ချိုစိမ့်အရသာရယ်၊ နှမ်းဆီကြောင့် ရတဲ့ မွှေးရနံ့ကိုပါ ရရှိမှာပါ။ လုပ်ရလည်း လွယ်တာမို့ တူတူ လုပ်စားကြည့်ရအောင်
---------------------------------------
ထမင်းအတွက် ပါဝင်ပစ္စည်းများ
ချက်ပြီသား ရှမ်းဆန် ဆန်ချိန်ခွက် ၂လုံး
မှတ်ချက် ။ ။ ရှမ်းဆန် မရှိပါက ရိုးရိုးဆန် ၁ချိုး ၊ ကောက်ညှင်းဆန် ၁ချိုးကို ရော၍ ချက်နိုင်သည်။
နှမ်းဆီ [seasame oil] စားပွဲတင်ဇွန်း ၁ဇွန်း
ဆား [salt] လက်ဖက်ရည်ဇွန်း ၁ဇွန်း
နှမ်း [seasame seed] စားပွဲတင်ဇွန်း ၂ဇွန်း
ရေညှိရွက် [sea weed] ၄ရွက်
အစာသွပ်ရန် ပါဝင်ပစ္စည်းများ
မုန်လာဥနီ [carrot] ၁ဥ (အရှည်ပါးပါးလှီးပါ)
ဟင်းနုနွယ် [spinach] လက်တဆုပ်စာ
Ham (or) ဝက်အူချောင်း(အစို) ၄ချောင်း (အရှည်ပါးပါးလှီးပါ)
ကြက်ဥ [egg] ၁လုံး (ခလောက်ထားပါ)
သခွာသီး [cucumber] တဝက် (အခွံနွာပြီ အစေ့ထုတ် အရှည်ပါးပါးလှီးပါ)
နှမ်းဆီ
သကြား
ဆား
ပျားရည်
ပဲငံပြာရည်အနောက်(အချို)
-----------------------------------------------
ပြင်ဆင်နည်း [Preparation Method]
၁။ အရင်ဆုံး မုန်လာဥနီကို (နှမ်းဆီ(လက်ဖက်ရည်ဇွန်း ၁ဇွန်း)၊ ဆား(လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ)၊ သကြား(လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ))တို့ ထည့်ပြီ ဆီနည်းနည်းဖြင့် ၁မိနစ်ခန့် ကြော်ပေးပါ။
၂။ ဟင်းနုနွယ်ရွက်များကို ပွက်ပွက်ဆူသော အိုးထဲ ဆားအနည်းငယ် ထည့်၍ ပြုတ်ပြီ ရေစစ်ထားပါ။ ပြီမှ နှမ်းဆီ(လက်ဖက်ရည်ဇွန်း ၁ဇွန်း)၊ သကြား(လက်ဖက်ရည်ဇွန်း ၁ဇွန်း) တို့ဖြင့် ရောနုယ်ထားလိုက်ပါ။
၃။ ဝက်အူချောင်းကိုအရင် ဆီနဲ့ကြော်ပြီမှ ပျားရည်(စားပွဲတင်ဇွန်း တဝက်)၊ ပဲငံပြာရည်(စားပွဲတင်ဇွန်း တဝက်)တို့ဖြင့် ရောနုယ်ထားပါ။
၄။ ကြက်ဥကို ပါဝင်ပစ္စည်းများဖြစ်သော (ဆား၊ သကြား)အနည်းငယ်ဖြင့် ရောခလောက်၍ ဆီဖြင့် အဝိုင်းပြားကြော်ကာ အရှည်လေးများ ဖြစ်အောင် ဓား(သို့)ကတ်ကြေးဖြင့် လှီးထားပေးပါ။
၅။ သခွာသီးကို (ဗီနီကာ(စားပွဲတင်ဇွန်း၁ဇွန်း)၊ သကြား(လက်ဖက်ရည်ဇွန်း ၁ဇွန်း))တို့ဖြင့် ရောနယ်ပြီ နုပ်ထားပါ။
၆။ ထို့နောက် အစားသွပ်ရန် ပစ္စည်းများဖြစ်သော (မုန်လာဥနီ၊ ဟင်းနုနွယ်၊ ဝက်အူချောင်း၊ ကြက်ဥ၊ သခွာသီး)တို့ကို ပန်းကန်တစ်ခုပေါ်သို့ ပုံတွင် ပါသည့်အတိုင်း ထည့်ထားလိုက်ပါ။
ရ။ ထမင်းကျက်ပြီဆိုလျှင် (နှမ်းဆီ၊ နှမ်း၊ ဆား) တို့ဖြင့် အသာအယာ ရောမွှေထားလိုက်ပါ။
-----------------------------------------------
ကိုရီးယား ထမင်းလိပ်လိပ်နည်း [Rice Roll Recipe]
၁။ အရင်ဆုံး ဝါးယင်းလိပ်ကို ခင်းပြီ အပေါ်မှ ရေညှိရွက် တစ်ရွက်ကို ခင်းလိုက်ပါ။
၂။ ပြီးလျှင် နုယ်ထားသော ထမင်း(စားပွဲတင်ဇွန်း ၄ဇွန်း)ကို ပုံတွင် ပါသည့်အတိုင်း ရေညှိရွက်ပေါ်တွင် ထမင်းထည့်လိုက်ပါ။
၃။ ပြီနောက် မုန်လာဥနီ၊ သခွာသီး၊ ကြက်ဥ၊ ဝက်အူချောင်း၊ ဟင်းနုနွယ် တို့ကို ထမင်းပေါ်တွင် တင်လိုက်ပါ။
၄။ ခုထမင်းလိပ် စလိပ်ပါတော့မည်။ ပုံတွင် ပါသည့်အတိုင်း အဆင့်ဆင့် ကျစ်ကျစ်လေး လိပ်ပေးပါ။
၅။ ထမင်းလိပ်ရပြီဆိုလျှင် ထက်သော ဓားကို ဆီအနည်းငယ်သုတ်ပြီ ၁၀ပိုင်းလောက်ထိ ရအောင် ပိုင်းပေးပါ။
၆။ အရသာရှိသော ကိုရီးယားထမင်းလိပ်ကို သုံးဆောင်နိုင်ပါပြီရှင်။ 😊😊
