ကမ္ဘာ့ ပထမဆုံး အာကာသ ဟိုတယ် "Voyager Station" ကို ၂၀၂၇ ခုနှစ်အတွင်း ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်။ ဒီဟိုတယ်ဟာ ဧည့်သည် ၄၀၀ ကို လက်ခံနိုင်မှာဖြစ်ကာ ဝန်ထမ်းပေါင်း ၁၁၀ ကျော် ထားရှိ လည်ပတ်သွားမယ်လို့ ဆိုပါတယ်။
အဆင့်မြင့် ဇိမ်ခံ ဟိုတယ်တွေမှာ ပါဝင်နေကျ စားသောက်ဆိုင်၊ ရုပ်ရှင်ရုံ၊ ဘား၊ Gym နဲ့ တန်ဖိုးမြင့် ပစ္စည်းတွေ ပါဝင်မှာဖြစ်ပြီး ၂၀၂၆ ခုနှစ်မှာ တည်ဆောက်တပ်ဆင်ရေးလုပ်ငန်း စတင်နိုင်ဖို့ စီစဉ်ထားလျက်ရှိပါတယ်။ အာကာသခရီးသွား ဝန်ဆောင်မှုရဲ့ ရှေ့ပြေးဖြစ်လာမယ်လို့ ဆိုပေမဲ့ ကနဦး လက်မှတ်ခတွေကတော့ ဈေးနှုန်းကြီးမြင့်နေဦးမှာပါ။ ကြိုတင်စာရင်းပေးထားကြမယ့် ဧည့်သည်တော်တွေကို စတင် လက်ခံနေပြီဖြစ်ပြီး ၃ရက် တည်းခိုခ အမေရိကန်ဒေါ်လာ ၅သန်း ကုန်ကျမယ်လို့ ဆိုပါတယ်။

image