7 w - Translate

ရန်ကုန်တက္ကသိုလ်တွင် စားသာက်ကုန်လုပ်ငန်းအတတ်ပညာ ဖွင့်လှစ်မည့်
ရန်ကုန်တက္ကသိုလ်၊ ကုန်ထုတ်ဓာတုဗေဒဌာနတွင် စားသောက်ကုန်လုပ်ငန်းအတတ်ပညာ (Certificate in Food Technology)သင်တန်းကို (၃)လကြာ ဖွင့်လှစ်သင်ကြားပေးမှာဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါသင်တန်းကို တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူများမှစ၍ လျှောက်ထားနိုင်ပြီး၊ ရန်ကုန်တက္ကသိုလ်၊ ကျောင်းသားရေးရာဌာနတွင် သတ်မှတ်ထားသည့် လျှောက်လွှာပုံစံဖြင့် မေလ (၁၃)ရက်နေ့မှ မေလ (၁၆)ရက်နေ့အထိ လာရောက်လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။

သင်တန်းစတင်ဖွင့်လှစ်မည့်ရက်မှာ ၂၀၂၅ ခုနှစ်၊ မေလ (၂၀)ရက်နေ့ ဖြစ်ပြီး သင်တန်းကာလမှာ (၃)လကြာမြင့်မှာဖြစ်ပြီး၊ သင်တန်းကို အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေးနေတို့တွင် မနက် (၇) နာရီမှ (၉)နာရီအထိ တက်ရောက်ရမှဖြစ်ကာ သင်တန်းကြေးကတော့ (၃)လပေါင်းကို တစ်သိန်းကျပ်တိတိ ပေးသွင်းရမှာဖြစ်တယ်လို့ သိရပါတယ်။

ရန်ကုန်တက္ကသိုလ် ကုန်ထုတ်ဓာတုဗေဒဌာနမှ ထိုသင်တန်းတွင် အစားအသောက်ထုတ်လုပ်ခြင်း၊ သိမ်းဆည်းခြင်း၊ ထုပ်ပိုးခြင်း၊ ဖြန့်ဖြူးခြင်းပညာရပ်တို့အပြင် အစားအစာဘေးကင်းမှု၊ အရည်အသွေးထိန်းချုပ်ခြင်းနှင့် အာဟာရလုံလောက်မှုတို့ကိုပါ သိရှိနားလည်စေရန် သင်ကြားပေးသွားမှာဖြစ်ပြီး၊ သင်တန်းပြီးဆုံးပါက Cerficate in Food Technology အောင်လက်မှတ်ကိုလည်းပေးအပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

သင်တန်းနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို စုံစမ်းလိုပါက ရန်ကုန်တက္ကသိုလ်ရှိ ကုန်ထုတ်ဗေဒဌာနသို့ လူကိုယ်တိုင်သွား၍ဖြစ်စေ၊ ဖုန်းနံပါတ် ၀၉-၉၄၃၈၄၉၄၁၅၊ ၀၉-၈၈၃၄၉၁၈၉၀ တို့ကို ရုံးချိန်အတွင်း ဆယ်သွယ်မေးမြန်းနိုင်တယ်လို့လည်း သိရပါတယ်။

image