7 w - Translate

❛ ရီရီစိုးထက် ပိုရက်စက်တဲ့ မိန်းမတွေအတွက်
အချစ်ကဗျာတစ်ပုဒ် ❜

သင် ထင်မြင်ယူဆထားသလိုပါပဲ
တချို့မိန်းမတွေကို ရေကနေ ပြုလုပ်ပြီး
တချို့မိန်းမတွေကိုတော့
မီးကနေ ပြုလုပ်တယ်
ရေလို မီးလို ပူတဲ့ နှစ်ကာလတွေ
သင်ဖြတ်သန်းနေတုန်း
သင့်မျက်လုံးတွေကို ပိတ်ဖုံးပေးဖို့အတွက်
နူးညံ့လက်ဖဝါးတစ်စုံကို
စွယ်တော်မြတ် ပင့်ဆောင်ယူလာသလို
အလေးအမြတ်ထား သယ်ဆောင်လာသူ
မိန်းမတွေနဲ့ သင့်ကို ကန္တာရအလယ်
လက်တွဲခေါ်ယူသွားပြီးမှ
သွေ့ခြောက်အနမ်းတစ်ပွင့်နဲ့အတူ
ထားရစ်ခဲ့မယ့် မိန်းမတွေ စသဖြင့်
သင့်ထံကို မိန်းမတစ်ယောက်ယောက်
ရောက်လာတဲ့အခါ
ရေကြီးမယ်၊ ရုတ်တရက်ကြီး
ဒီဇင်ဘာလကို ပြန်ပြန်ရောက်သွားမယ်၊
ရှော့ဘား ပေါက်မယ်၊ ပန်းပွင့်မယ်၊
လျှာနဲ့ ထိုးမိမယ်၊ ဗုဒ္ဓအဖြစ်ကို
ရောက်ရှိတော်မူမယ်၊ အာခေါင်ခြောက်မယ်၊
စိုးလွင်လွင် သီချင်းသံ ပျံ့လွင့်လာမယ်
သင့်ထံက မိန်းမတစ်ယောက်ယောက်
ပြန်ထွက်သွားတဲ့အခါမှာတော့
မူးယစ်ရမ်းကားမယ်၊
ပဒေသရာဇ်စနစ်ကြီး ပျက်သုဉ်းမယ်၊
မရှောင်ရင် လွတ်မယ် ၊
ကိုယ့်ဂိုးကိုယ် ပြန်သွင်းမယ်၊
ကိုးဖင်တစ်စူးမယ်၊ ထောင်ထဲမှာ ၇နှစ်တိတိ
နေရမယ်၊ “နင် လီးစကားမပြောနဲ့ ”လို့
အော်မိမယ်၊ Update တင်ပြီးသားဖြစ်သွားမယ်၊
စိုးလွင်လွင် သီချင်းသံ ပျံ့လွင့်လာမယ်
ဂွတ်တလစ်မှာသာ သင်နေဖူးရင်
သင့်ဖိနပ်တစ်ရံကို အရူးတစ်ယောက်က
ကြောင်တောင်နှိုက် စီးသွားနိုင်ချေရှိတဲ့
ပမာဏကို သင်တွက်ဆထားရမှာပါပဲ
ပြီး၊ မျက်စိစုံမှိတ် တိတ်ဆိတ်ပြီး
မြင်ယောင်ကြည့် သင့်ဖိနပ်ကို ယူစီးသွားတဲ့
အရူးက စိုးလွင်လွင် အိမ်ရှေ့ကနေ
ဖြတ်လျှောက်ပြီး “ရီရီစိုး ရက်စက်တယ်”လို့
အကျယ်ကြီး အော်ဆိုသွားပုံ
သူ့ဘဝမှာ ရီရီစိုးထက် ပိုရက်စက်တဲ့
မိန်းမတွေနဲ့ ချစ်မက် ပတ်သတ်
စပ်ယှက် ရက်စက်ခဲ့ပုံ
သင်ကိုယ်တိုင် ရီရီစိုး
မဖြစ်နိုင်သေးသ၍တော့
သင်ဟာ ရီရီစိုးနဲ့
ပက်ပင်းတိုးနိုင်ချေအပြည့်ပါပဲ
ဥမင်လိုဏ်ခေါင်းထဲကနေ
နှစ်ယောက်အတူ ဆိုင်ကယ်မောင်း
ထွက်လာရင်း
ကဗျာရဲ့ အဆုံးသတ်လိုင်းနားကို
သင် ရောက်မှန်းမသိ ရောက်သွားသလို
ဒါပေမဲ့ အဲဒီမှာ သင့်ကို ကြိုတင်သွားရောက်
စောင့်ဆိုင်းနေမယ့် နောက်ထပ်
ရီရီစိုးတစ်ယောက်
ဒါမှမဟုတ် သင်မဟုတ်၊ ငါမဟုတ်၊
ရီရီစိုးမဟုတ်၊ ဘယ်သူမှမဟုတ်
ထာဝရ စတော်ဘယ်ရီစိုက်ခင်းများ။

- ဆစ်ခ် -

_ _ _ _ _ _ _ _ _ _ _ _

ရန်ကုန်မြို့ကြီးပေါ်က မာရ်နတ်အတွက်
အချစ်ကဗျာတစ်ပုဒ်

▫️ဆစ်ခ် ၊ လတ်လွန်းဝေဦး▫️

image