17 ပတ် - ဘာသာပြန်ပါ။

🛑 သောတာပန်ဆိုတာ
ကလေးလေးပဲဖြစ်ဖြစ် ..🙏
▪️သောတာပန်တည်လို့ရှိရင် သူသိတယ်...
ဘုန်းကြီးမေးစရာ မလိုဘူး
တပည့်တော် အပါယ်လွတ်ပြီလားဘုရားလို့
မေးစရာမလိုဘူး ...
ဘုန်းဘုန်း တွံတေးမှာတုန်းက
ကိုဌေး ဆိုတာ ရှိတယ်
သူ ဝေဒနာချုပ်ထားတယ် ...
ဓာတ်ကြီးလေးပါးပေါ်က နေ ချုပ်သွားတော့
အောက်မဂ် အောက်ဖိုလ် ပြုတ်တာပေါ့လေ...
တစ်နေ့တော့ ဘုန်းဘုန်းက ကလီထော်မှာ
ဝါဆိုတယ် ဝါဆိုတော့
စာတတ်ပေတတ်တွေလည်း ပါတယ် ...
ဘုန်းဘုန်း အဲဒီမှာနေတော့
ရဟန်းတွေက မေးတယ် ။
အရှင် ဘုရားတဲ့ ... သောတာပန်တည်လို့ရှိရင်
အပါယ်လေးပါး လွတ်တယ်လည်း ပြောတယ်
ဘယ်လို လွတ်သလဲ ဘုရားတဲ့...
ဘယ်လို လွတ်သလဲဆိုတာ သိချင်ပါတယ် တဲ့။
ကဲ တပည့်တော် ပြောနေ ဟောနေရင် ကြာတယ်
လက်တွေ့ပြမယ် ပြပါဘုရားတဲ့ ...
အဲဒါနဲ့ အဲဒီတုန်းက ဝါဆိုတုန်းက
ကိုဌေးဆိုတဲ့ ပုဂ္ဂိုလ်ကို ခေါ်ချေ လို့
အရှင် ဘုရားတို့ရွာမှာ အရှင် ဘုရားတို့သိနေတဲ့
ကိုဌေးဆိုတာ ရှိတယ် သိသလားဆိုတော့
သိပါတယ်ဘုရားတဲ့...
ကဲ ကိုဌေးလာရင် လွှတ်လိုက်စမ်းလို့ဆိုတော့
ရောက်နေပါတယ်ဘုရားတဲ့ နောက်ဖေးမှာ
ခေါ်လိုက်စမ်းဆိုတော့ ခေါ်လိုက်တယ် ...
ခင်ဗျားတို့ ကြည့်နော်လို့
သောတာပန်ဖြစ်တဲ့ ပုဂ္ဂိုလ် ရဲ့ အယူအဆကို
တပည့်တော် မေးပြမယ် သေချာနားထောင် လို့
ခေါ်လိုက်တော့ ကိုဌေး ရောက်လာတယ် ...
ဆရာတော် ခေါ်တယ်ဆိုလို့ ဆိုတော့
အေး ဟုတ်တယ် ထိုင်စမ်းပါဦးကွာ လို့
ကဲ ခင်ဗျားတို့နားထောင် နော်
တပည့်တော် မေးတော့မယ်လို့...
သောတာပန်သည် အပါယ်လွတ်ကြောင်းကို
တပည့်တော် မေးပြမယ် သူဟာ အရှင်ဘုရားတို့
မျက်စိအောက်မှာ ကြီးလာတဲ့
ကလေး ပရိယတ္တိလည်း မတတ်ခဲ့ဘူး။
သူ လယ်လုပ်နေတဲ့ ကလေးတစ်ယောက်
တပည့်တော် မေးပြမယ်လို့။
ကိုဌေး .. မင်း အပါယ်လေးပါးကို ကျဦးမလား
ဆိုတော့ "တပည့်တော် မကျဘူး" တဲ့
သေချာရဲ့လား ဆိုတော့ ...
"သေချာတယ် ဘုရား" တဲ့။
ကဲ ဒါဖြင့် ဘုရားစင်ရှေ့သွားပြီးတော့
တပည့်တော် အပါယ်ကျရပါလို၏
အပါယ်ကျရပါလို၏ ဘုရား လို့
ဆုတောင်းရဲလား ဆိုတော့...
"ဆုတောင်းရဲတယ်" တဲ့...။
တွေ့လားဘုရား
အာမခံချက် ဘယ်လောက်ကောင်းလဲလို့
ကဲ ဒါဖြင့် အဲသလို မင်း တောင်းရဲလောက်အောင်
အပါယ်မကျဘူးလို့ သိလောက်အောင်
မင်းမှာ ဘာ အားကိုးစရာ ရှိသလဲ လို့။
"ဆရာတော် ဒါ အယူပဲ"တဲ့
အယူကို ပြောတယ်
"ဒီ ငါ့ကိုယ် ငါ့ရုပ်ကြီးလို့ ယူထားပြီး
ငါ ခံစားနေရင် ဒီဟာ အပါယ်ကျမှာပေါ့" တဲ့...
"ဒီရုပ်နာမ် မြင် လာတော့ ..
ဒီယောက်ျား မိန်းမ
မရှိတော့ .. ဒီအယူပြုတ်သွားတော့
ဒါ ဓာတ်ကြီးလေးပါး ရုပ်ကြီးပဲ" တဲ့ ...
"ဒီဓာတ်ကြီးလေးပါး ရုပ်ကြီးကို
ငါ့ကိုယ် ငါ့ရုပ်ကြီးလို့ယူထားရင်တော့
အပါယ်ကျမှာပေါ့" တဲ့...
"ဒီပေါ်မှာ ဓာတ်ကြီးလေးပါးပဲ ရှိတာ...
ယောက်ျား မိန်းမလို့ ဒီအယူ ယူထားလို့
အပါယ်ကျတာ ဒီအယူမရှိရင် ဘယ်တော့မှ
အပါယ်မကျဘူး ဘုရား" တဲ့ ..။
ကဲ အရှင် ဘုရားတို့ တိုတိုနဲ့ ရှင်းရှင်းလေးပဲလို့
ဘုရားကလည်း ပြောတယ်
ဒိဌိဆိုတာ အယူမှားကြီး
ဒီအယူမှားကြီး ပြုတ်သွားတာလို့ ။
အဲတော့ .. ကိုယ်စွဲထားတဲ့ အစွဲတွေ
အကုန် မရှိတော့ စိတ်သစ်ကြီးနဲ့ နေရတာလို့ ..။
ကဲ ဒါဖြင့် အခု မင်း အဲဒီစိတ်နဲ့ နေသလား
အခု ဘယ်စိတ်နဲ့ နေသလဲလို့...
"ဒီစိတ်နဲ့သာနေရင် တပည့်တော်လည်း
အပါယ်ကျမှာပဲ" တဲ့
"တရားကျင့်တော့
အဲဒီစိတ်ကြီးချုပ်သွားတယ်" တဲ့
"ချုပ်သွားတော့ ..
ဒီစိတ်အသစ်နဲ့ နေပါတယ်" တဲ့ ..။
ကဲ အရှင် ဘုရားတို့ တွေ့လား
#ဝိပဿနာဆိုတာ_စိတ်_ပြောင်းတာ
#စိတ်တွေ_ပြောင်း_ပြောင်း_သွားတဲ့ကိစ္စ ....။
ဒီအသိနယ်နဲ့ သိလို့ကတော့ ဘယ်တော့မှ မရဘူး
အပါယ်မလွတ်ပါဘူး..။
သိရုံနဲ့ ဘုန်းဘုန်းတို့ပြောလို့
နားထောင်ထားပြီး ပြန်ပြောတတ်ရုံနဲ့
စာတွေဖတ်လို့ ပြန်ပြောတတ် ရုံနဲ့
ဘယ်တော့မှ အပါယ်မလွတ်ဘူး..
ကိုယ်ကိုယ်တိုင် ကျင့်တဲ့အခါကျတော့မှ
ဒီဓာတ်ကြီးလေးပါးရဲ့ သဘာဝ သဘောကို
သိရင်လည်း အပါယ်လွတ်တယ်..။
ရုပ် နာမ်ရဲ့ သဘာဝတွေကို သိရင်လည်း
အပါယ်လွတ်တယ်..။
ယောက်ျား မိန်းမ အယူ ချုပ်တော့
အပါယ် လွတ်တာပေါ့။
အဲဒီ အယူမှားကြီး ပယ်တဲ့နည်းပါပဲ..။
အဲဒီတော့မှ သူတို့လည်း လက်သင့်ခံတယ်
ဒါကြောင့်မို့ .. အပါယ်လွတ်ပြီဆိုရင်
သိမှု့ ပြောင်းသွားတာပဲ ..။
ဒါ အင်မတန် အံ့သြစရာ ကောင်းတယ်။
လူစင်စစ်ဖြစ်ရဲ့သားနဲ့ မိဘက မွေးလာတဲ့
စိတ်တွေ တစ်ခုမှ မရှိတော့ဘူး...
သေသွားတယ်
ဒီဘဝမှာပဲ သေသွားတာ ..။
#စိတ်သစ်နဲ့_ဖြစ်နေတယ်
အဲဒီ စိတ်သစ်ကလည်း ဘာလဲဆိုတော့
အရင် လူစိတ်မဟုတ်ဘဲနဲ့
အော် ဟိုစိတ်ကြီးနဲ့သာ နေခဲ့ရင်
အပါယ်ကျမှာပါလား
အခု ငါ ဒီစိတ်သစ်နဲ့ နေရတာ
အေးပေ ပေါ့ .. လွတ်ပေ ပေါ့ ..
ငြိမ်းပေပေါ့.. လို့ ဒီလိုစိတ်သစ်နဲ့ နေရတာပါ..။
အခု လောကီစိတ်တွေနဲ့ ပုထုဇဉ်စိတ်တွေနဲ့
နေရင်တော့ အပါယ်မလွတ်ပါဘူး...
ဒီစိတ်တွေကို ပြောင်းရပါတယ် ..။
ဝေဒနာ မှ မသိရင်
အပါယ်လေးဘုံကြီးကလည်း
ဟင်းလင်းပွင့်နေတာပါပဲ...။
⚜️ကျေးဇူးတော်ရှင်
⚜️ဆရာတော်ဘုရားကြီး ဦးသီရိဓမ္မ
⚜️ဝိဇ္ဇောဒယသဲအင်းဓမ္မရိပ်သာ
⚜️ရွှေတံခါးအပိုင်း(၂) ပြည်မြို့
🙏🙏🙏

image