17 w - Translate

ကမ္ဘာပျက်မယ့် အချိန်ကို တွက်ချက်ပေးလိုက်တဲ့ စူပါကွန်ပြူတာ
=====================================
နာဆာ နဲ့ တိုဟို တက္ကသိုလ်မှ သုတေသနပညာရှင်တွေ တီထွင်ထားတဲ့ စူပါကွန်ပြူတာက ကမ္ဘာပျက်မယ့် အချိန်ကို တွက်ချက်ပေးလိုက်ပါတယ်။
နေရဲ့ အလွန်ပြင်းထန်တဲ့ အပူချိန်ကြောင့် နှစ်ပေါင်း ၁ ဘီလီယမ် ဝန်းကျင် သို့မဟုတ် နှစ်ပေါင်း 1,000,002,021 အတွင်း ကမ္ဘာမှာ သက်ရှိတွေ မရှင်သန်နိုင်တော့ဘူးလို့ ခန့်မှန်းပြောကြားလိုက်ပါတယ်။ နှစ်ပေါင်း ၁ ဘီလီယမ် ဆိုတာ တော်တော်ကြာဦးမှာ ဖြစ်တဲ့အတွက် သိပ်စိုးရိမ်စရာ မရှိပါဘူး။
ဒီကြားထဲမှာ လူသားတွေဟာ အာကာသမှ တခြား ဂြိုလ်တွေမှာ ရွှေ့ပြောင်းအခြေချနေထိုင်နိုင်မယ့် အခွင့်အရေးတွေ ရှိနေပါသေးတယ်။ Elon Musk အပါအဝင် ပညာရှင်တွေက လူသားတွေ တခြား ဂြိုလ်တွေမှာ နေထိုင်နိုင်မယ့် နည်းလမ်းတွေကို ရှာဖွေနေပါတယ်။
အရင်က သုတေသနစစ်တမ်းတွေအရလည်း ကမ္ဘာကြီးဟာ အနာဂတ်မှာ ပျက်ဆီးနိုင်တယ်လို့ ဆိုထားကြပါတယ်။ ကမ္ဘာကြီးမှာ အောက်ဆီဂျင် ပြတ်လပ်သွားတာ ဖြစ်နိုင်ပြီး သက်ရှိတွေ မရှင်သန်နိုင်တော့ဘူးလို့ စစ်တမ်းက ဖော်ပြထားပါတယ်။
Ref : Tech Explorers

image