လောကမှာ မပျော်မရွှင်ဆုံးလူဟာ ဘယ်လိုလူဖြစ်မယ်ထင်လဲ ။
ကိုယ်မဟုတ်တဲ့ တခြားတစ်ယောက်ကို ကိုယ့်စိတ်တိုင်းကျ ဖြစ်ရမယ်လို့ မျှော်လင့်တဲ့သူပဲနော် ။ I created myself. လို့ ပြောလို့ရအောင် အရင်လုပ်ပါ ။ ခုက ပြောင်းပြန်ဖြစ်နေကြသလားလို့ ။ ကိုယ့်ကိုယ်ကိုယ် ဘာမှ မတည်ဆောက်ရသေးခင် ရှုပ်ထွေးတဲ့ relationship တွေ အရင် တည်ဆောက်နေကြတယ် ။
ကိုယ့်ကိုယ်ကိုယ် ချစ်တဲ့စိတ် မရှိတဲ့သူကို ဘယ်သူကမှ တကယ်ချစ်မှာ မဟုတ်ဘူး ။ ကိုယ့်ကိုယ်ကိုယ် လေးစားတဲ့စိတ် မရှိတဲ့သူကို ဘယ်သူကမှ လေးစားတဲ့စိတ် ဖြစ်မှာ မဟုတ်ဘူး ။ အချစ်ခံချင်လွန်းလို့ အချစ်ခံရအောင် လိုက်လုပ်လေလေ အချစ်မခံရလေပဲ ။ အဲလိုလူကို အသုံးတည့်ရင်တော့ အသုံးချသွားမှာပဲနော် ။ ချစ်တာတော့ ရမှာ မဟုတ်ဘူး ။
သနားလို့ချစ်တယ်ဆိုတာ ရေရှည်ခံမယ့်အချစ် မဟုတ်ပါဘူး ။ ချစ်တယ်ဆိုတဲ့ အထဲမှာ လေးစားမှု အများကြီးပါမှ အဲဒီအချစ်က ရေရှည်ခံတယ် ။ ကိုယ် မှီခိုနေတာတွေက သူများ ပြန်ယူသွားလို့ ရတာတွေ ဖြစ်နေရင် ကိုယ့်ဘဝဟာ အမြဲတမ်း လှုပ်နေမှာပဲ ။ သူများပြန်ယူသွားလို့ မရတဲ့အရာတွေနဲ့ ကိုယ့်ဘဝကိုယ် တည်ဆောက်ပါ ။
ကိုယ့်ဘဝမှာ ထားသင့်တဲ့မာနကို ထားနိုင်တယ်ဆိုတာ self-respect ရှိတဲ့သူပဲ လုပ်နိုင်တာ ။ သူ့မှာ မာနရှိတယ်ဆိုတာ သူ့မှာ self-esteem အမြင့်ကြီး ရှိတယ်လို့ အဓိပ္ပာယ်ပေါက်တယ် ။ ကိုယ့်ကိုယ်ကိုယ် လေးစားမှု ချစ်ခင်မှု အများကြီးရှိတဲ့မိန်းမဟာ မာနကြီးတယ်လို့ အပြောခံရရင် အပြောခံရနိုင်တယ်နော် ။ ဒါပေမယ့် သူ့သိက္ခာကို ဘယ်သူမှ ချနင်းလို့ မရပါဘူး ။ ဘယ်တော့မှ ဘဝပျက်မသွားဘူး ။
#ထက်ထက်ထွန်း
