ထူးခြားသတင်းမှာ -
ယ္ခင်ကအကြမ်းဖက်သမားဟုကြေငြာခံထားရသူ ဆီးရီးယားယာယီသမ္မတ အာမက်ဆယ်ရာအာ နှင့် ထရန့် ဆော်ဒီတွင်တွေ့ဆုံပြီးနောက် အာဆတ် လက်ထက် ပိတ်ဆိုထားမှုများကို ရုပ်သိမ်းပေးမည်ဟုဆိုသည်။
ဘင်္ဂလားဒက်ကြားဖြတ်အစိုးရသည် ရှိပ်ဟာစိနာ ၏ အဝါမီလိဒ် ပါတီအား ရွေးကောက်ပွဲဝင်ခွင့် ပိတ်ပင်လိုက်သည်။
ဖိလစ်ပိုင်ကြားဖြတ်ရွေးကောက်ပွဲတွင် ICC ၌ အဖမ်းခံထားရသော သမ္မတဟောင်းဒူတာတေး ဇာတိမြို ဒါဘာအိုစီးတီး၌ မြိုတော်ဝန်အဖြစ်အရွေးခံရသည်၊ ထိုပြင် လက်ရှိသမ္မတမားကိုစ် ၏ ပါတီသည် လစ်လပ်နေရာအရပ်ရပ်၌ မျှော်မှန်းထားသည်ထက်ရှုးနိမ့်ခဲ့သည်၊လာမည့်အထွေထွေရွေးကောက်ပွဲ၌ ပထမ နေရာမှ ဆာရာဒူတာတေး ၊ ဒုတိယနေရာ၌ ဘန်အကွီနို တို ရှိနေပြီး မားကိုစ် မှာ တတိယ နေရာသာ ရေပမ်းစားနေသည်၊ သိုသော် ဆာရာ မှာ စွတ်စွဲပြစ်တင်ခံနေရပြီး နိုင်ငံရေးလုပ်ခွင့်အပိတ်ခံရရန် နီးစပ်လျှက်ရှိသည်။
တရုပ် - ကန် ရက် ၉၀ ကုန်သွယ်ရေးယာယီသဘောတူညီချက်အရ ကန် က တရုပ်သွင်းကုန်များကို ၁၄၅% မှ ၃၀% သို၎င်း ၊ တရုပ်က ၁၂၅ % မှ ၁၀% သို၎င်း ဖြေလျှော့လိုက်၍ စတော့ရှယ်ယာစျေးများ နှင့် ဒေါ်လာစျေး ပြန်တက်ပြီး ကမ္ဘာ့ရွှေစျေး ကျသွားသည်။
Apple က ကမ္ဘာ့အပါးလွှာဆုံး အိုင်ဖုံး 17 Air ထုတ်တော့မည်ဟုကြေငြာပြီးနောက် ဆမ်ဆောင်း က ၅.၈ မီလီမီတာသာအထူရှိသော ဂလပ်ဆီ S 25 Edge ဖုံးအသစ်ကို ၁၀၉၉ ဒေါ်လာ ဖြင့် ဦးစွာထုတ်ရောင်း လိုက်သည်၊ ကမ္ဘာ့စမတ်ဖုံးစျေးကွက်တွင် ဆမ်ဆောင်းက ၂၀%ဖြင့်ပထမ ၊ အိုင်ဖုံးက ဒုတိယ လိုက်နေသည်။