ဝက်သားလက်ဖက်အချိုနှပ် ချက်နည်း...
************************************
ပါဝင်ပစ္စည်း = ဝက်သား / လက်ဖက်/ ကြက်သွန်နီ /ဖြူ /ဂျင်း /ခရမ်းချဉ်သီး /
ငရုတ်သီးစိမ်း /ဆီ /ဆား/နနွင်းမှုန့် /အစိမ်းမှုန့် /ပဲငံပြာရည်အချို /အရသာမှုန့် /သကြားတို့ဖြစ်ပါတယ်
၁ =ပြင်ဆင်ရန်
ဝက်းသားကို ပဲငံပြာရည်အချို /သကြား/အရသာမှု
န့် /ဆား/နနွင်းမှုန့် /ဂျင်းအရည် /ရှာလကာရည် တို့ဖြင့်
နယ်ကာ နာရီဝက်ခန့် အရသာနှပ်ထားပေးပါ
ခရမ်းချဉ်သီး ပါးပါးလှီးထားပါ / လက်ဖက်ကိုရေ
အေးဖြင့် ဆေးပေးပါ /ကြက်သွန်ဖြူ/နီ ဂျင်းတို့ကို
ရောပြီးထောင်းထားပေးပါ /ငရုတ်သီးစိမ်း
အနေတော်လှီးထားပေးရပါမယ်
၂ = ဝက်လက်ဖက်အချို ချက်ပါမယ်.
ဒယ်အိုးထဲ ဆီအနည်းငယ်ထည့်ပါ ဆီပူလာရင်
ထောင်းထားတဲ့ ကြက်သွန်ဖြူ/ နီ ဂျင်းတို့ ထည့်ပြီး
ဆီသက်ပေးပါ ဆီသက်အနံ့လေးမွှေးလာရင်
ခရမ်းချဉ်သီးထည့်ပေးပါ ပြီးရင် အရသာနှပ်ထားတဲ့
ဝက်သားကိုထည့်ပြီးလုံးချက်ပါ ဝက်သားဆီပြန်လာ
@ပြီဆိုရင် ပထမ ရေ ထည့်ပြီး ဒယ်အိုးအဖုံးအုပ်ချက်ထားပေးရပါမယ်
၃= ပထမတရေခန်းပြီး ဆီပြန်လာရင် လက်ဖက်ထ
ည့်ပြီး ခနလောက်လုံးချက်ပေးပါပြီးရင်
ငရုတ်သီးစိမ်းထည့်ပြီး ဝက်သားကို လက်ဖက်
အရသာနှင့် နူးအိလာအောင် ဒုတိယတခေါက် ရေထ
ည့်ပြီး ဒယ်အိုးအဖုံးအုပ်ချက်ပေးပါ ရေခန်းပြီး
ဝက်သားနူးအိလာပြီဆိုရင် အရသာမြည်းကြည့်ပြီး
အရမ်းစားလို့ကောင်းတဲ့ ဝက်သားလက်ဖက် အချိုနှပ်
ဟင်းကောင်းတခွက် သုံးဆောင်လို့ရပါပြီ.

image