မွန်ကြက်သောက်ဆမ်း
🍗🌶🍗🌶🐤🌶🍗🐤
ချဥ်ချဥ်စပ်စပ်လေးနဲ့ လူကြီးတွေအကြိုက်တွေ့စေမယ့်ဟင်းတခွက်လေးပါ
ကြက်သား...၃၀ သား
ကြက်သွန်နီ...၂ လုံး
ကြက်သွန်ဖြူ..... ၅မွှာ
စပါးလင်...... ပင်
ရှမ်းနံနံပင်...... ၁ စည်း
ဂျင်း....အနည်းငယ်
ငရုပ်သီးစိမ်း....လိုသလောက်
ဆား...အနည်းငယ်
အချိုမှုန့်... အနည်းငယ်
ငါးပိ.....အနည်းငယ်
မရမ်းပြား......၆ပြား
နနွင်းမှုန့်... အနည်းငယ်
ဆီ.....အနည်းငယ်
အရင်ဦးဆုံး ကြက်သားကို အနေတော်တုံးပြီ
ဆား အချိုမှုန့် နနွင်းမှုန့်နဲ့နယ်ထားပါ
ကြက်သွန်နီ ကြက်သွန်ဖြူ ငရုပ်သီးစိမ်း ဂျင်း စပါးလင်ပါးပါးလှီးပြီ ထောင်းထားပါ
ဒယ်အိုးထဲဆီပါရုံလေးထည့် ထောင်းထားတာထည့်မွှေပြီငါးပိထည့် ကြက်သားထည့်ပါ ခဏလုံးထားပြီ
ရေထည့် အဖုံးအုပ်ထားပါ
ဆူပြီ ရေခန်းလာရင် ရေထပ်ထည့်ပါ
ကြက်သားနူးလောက်တဲ့အထိ ရေထည့်လိုက်ချက်လိုက်
နူးပြီလို့ ထင်တဲ့အခါကြရင် မရမ်းပြားထည့် ငရုပ်သီးစိမ်းခြမ်းထည့် ဆူလာရင်
အရသာမြည်း ချခါနီး ရှမ်းနံနံ ညှပ်ထည့်
ချဥ်ငံစပ်လေးသောက်လို့ကောင်းတဲ့
မွန်ကြက်သောက်ဆမ်းလေးရပါပြီနော်
