#ရှဥ့်မတက်
အာရုံကြော အားနည်း၍ မူးဝေကိုက်ခဲခြင်း၊ အဆစ်မြစ် ကိုက်ခဲခြင်း၊ ပင်ပမ်းနွမ်းနယ်မှု အမျိုးမျိုးကြောင့် ကိုက်ခဲခြင်းဝေဒနာတို့ ပျောက်ကင်းပြီး ဆီး၊ ဝမ်း၊ လေ၊ မှန်စေ၍ ကျောက်ကပ်ကို အားဖြစ်စေပါတယ်။ ၉၆ပါး အားလုံးအတွက် ကောင်းသည်လို့ မညွှန်းပါ။
ဆေးအတွက် လိုအပ်သည့်အမယ်များ –
ဆေး တစ်ဖုံ အတွက် –
၁။ ရှဉ့်မတက် ဥ ၅၀ သား
၂။ ပျားရည် ၁ ပုလင်း ( ငှက်ပျောဖူးပုလင်း )
၃။ နှမ်းဆီ ၂၀ သား လိုအပ်ပါတယ်။
ကျိုချက်ပုံ –
ဦးစွာပထမ ရှဉ့်မတက်ဥကို သန့်ရှင်းအောင် ရေဆေးပါ။ ဆေးပြီး ဥများ အခွံခွါပါ။ အခွံနဲ့ အသား တခြားစီခွဲပြီး အိုးနှစ်လုံးဖြင့် ရေသင့်သလို ထည့်ပြုတ်ပါ။ အခွံပြုတ်အိုး ရေ ပွက်ပွက်ဆူ၍ အတန်ကြာလျှင် အခွံပြုတ်ရေငှဲ့ယူပြီး အသားပြုတ်အိုးအတွင်း ပေါင်းထည့်ကျိုပါ။ ရေခမ်းချိန်မှာတော့ နှမ်းဆီ ပျားရည်ထည့်ပါ၊
မကြာခင် သင်းပျံ့သောအနံ့ ထွက်လာချိန်၊ ချို ခါး အရသာရှိသော ရှဉ့်မတက်ဆေး တစ်လက် သုံးစွဲရန် အသင့်ဖြစ်ပါပြီ ခင်ဗျာ။ အမျိုးသား အားနည်းသူများအတွက် ယခုဆေးကျိုစဉ် ခွေးလျားသီး အနက်စေ့ ၂၀သားကို အမှုန့်ပြုလုပ်ပြီး ထည့်ကျိုပါ။ သိသာသည့်အား ဖြစ်စေပါသည်။#crd original uploader
ခေါင်းကိုက် ဝေဒနာ အတွက် –
ရှဉ့်မတက်ဥကို နှမ်းဆီဖြင့် ကျွတ်အောင်ကြော်ပါ။ ၎င်း ကြော်ပြီး ဆီဖြင့် ကိုက်ခဲရာ ခေါင်း၊ ဂုတ်၊ ကိုယ်လက်တို့ လိမ်းပေးပါ။ အမြန်ဆုံး သိသာစွာ သက်သာပျောက်ကင်းစေပါတယ်။
#အရှင်နာဂသိန် ဆေးကျမ်းမှာတော့ "ကညွှတ်” သို့မဟုတ် “ရှဉ့်မတက်" ဟု ခေါ်ကြောင်း သိရပါတယ် ။ တခါတရံ "ဥတရာ" ပင်ဟုလည်း ခေါ်ပါတယ်။ ဆေးဝင်သည့်အရာမှာ "ဥ" ဖြစ်သည်ဟုလည်းဖေါ်ပြထားပါတယ်။ "ဥ၏ ဂုဏ်နဲ့စွမ်းရည်မှာ "ခွန်အား ပညာကိုပြုတတ်၏ ၀မ်းမီးတောက်စေ၏ ဝြဖိုးစေ၏ ပြေပြစ်၏ သုတ်နို့ရည်ပွားစေ၏ နှလုံးရောဂါ သွေးအန် သွေးကျ အဆုပ်နာ ပျောက်ကင်းစေ၏ အလုံးရောဂါ ဖေါရောင်ခြင်း ၀မ်းသွန်ရောဂါ မျက်စေ့ရောဂါ အကျိုးပြု၏ ကာမအားကိုပွားစေ၏" လို့ရေးသားထားရုံမက " ဒါ့ပြင် ရောဂါလိုက် အသုံးပြုပုံနည်း" တွေကို ဆေးကျမ်းထဲမှာ အကျယ်တဝင့်ရှင်းပြထားရာ အလွန်ဆေးဖက်ဝင်သည်ကို မှတ်သားရပါတယ် ။
အာယုဗေဒ ဆေးကျမ်းများအလိုအရ ရှည့်မတက်သည် အစာလမ်းကြောင်းဆိုင်ရာအနာ၊ အစာမကြေလေပွခြင်း ရောဂါများကို ကာကွယ်ကုသနိုင်သည်။ မိခင်များ နို့ထွက်အားကောင်းစေသည်၊ အာရုံကြောဆိုင်ရာ ပုံမမှန်မှုများ အတွက် ရှည့်မတက်အမြစ်ကို အသုံးပြုခဲ့ကြသည်။
#သမားတော်တိုင်းရင်းဆေး

imageimage