Hutang Nyawa (2024)
သရဲကားမကြိုက်တဲ့လူတွေတောင် အကြိုက်တွေ့သွားစေမဲ့ အင်ဒိုသရဲကားလေးတစ်ကား တင်ဆက်ပေးထားပါတယ်
ထိုင်ရာကနေ မထတမ်းကြည့်ချင်နေမှာဖြစ်ပြီး ကြည့်ရှုသူတိုရဲ့ ညတွေကိုတောင်
အိပ်မက်ဆိုးတွေနဲ့ ဖုံးလွှမ်းသွားစေနိုင်မှာပါ
မိသားစုထဲမှာ သားနဲ့သမီးဆိုပြီးရှိပေမဲ့ အချစ်မခံရတဲ့ သမီးဖြစ်သူ အယ်ဝင်နာ ဖခင်ဖြစ်သူက
အယ်ဝင်နာလေး ၇နှစ်မှာ မိသားစုကိုထားသွားခဲ့တယ် သူကြီးလာတော့လည်း အိမ်ထောင်မပြုဘဲ ကလေးရခဲ့လို
အမေဖြစ်သူက အမြင်မကြည်ဘူးပေါ့ သူတိုနေတဲ့အိမ်က မသန့်ဘူးပဲပြောရမလား အခြောက်အလှန့်ကြ-မ်း-တယ်ပေါ့
သူကတော့စိတ်ကျန်းမာရေးနဲ့ ဆိုင်မယ်ထင်လို ဆရာဝန်နဲ့တောင်ပြနေလေရဲ့ ဒီမှာခြောက်လှန့်တဲ့ပုံစံတွေက
ဇာတ်လမ်းမဆန်ဘဲ ကိုယ့်ပတ်ဝန်းကျင်မှာ အတော်များများကြားဖူးကြသလိုမျိုး ခြောက်တာဆိုတော့
ကျောချမ်းစရာဖြစ်နေမှာ အမှန်ပါပဲ ဒီသရဲကြောင့်ပဲ သူ့ကလေးက ပြင်း-ပြင်း-ထန်-ထန်-ထိခိုက်သွားရတယ်
ဆေးရုံတင်ထားရတဲ့ အခြေအနေဖြစ်လာပြီး အရင်တည်းက အကြွေးပိနေတဲ့သူတိုအတွက်တော့
အသက်ရှုပေါက် ပိုပိတ်သွားတာပေါ့ ဒီအချိန်မှာပဲ ကယ်တင်ရှင်အနေနဲ့ ဖခင်ရဲ့ သူငယ်ချင်းဟောင်းက ရောက်လာခဲ့တယ်
ဖခင်နဲ့အသိမို ကူညီချင်ပါတယ်ဆိုပြီး လူသူမနီး ဖုန်းလိုင်းမမိတဲ့ စက်ရုံဟောင်းကြီးကိုခေါ်သွားရာကနေ ဇာတ်လမ်းကပိုကောင်းလာပါတယ် အယ်ဝင်နာမြင်နေရတာတွေက လူတွေလား လူမဟုတ်တာတွေလား
အိမ်မှာမြင်တွေ့ ကြုံတွေ့ခဲ့ရတာတွေထက် စက်ရုံကြီးမှာ ၂ဆလောက်ပိုဆိုးနေတော့
တော်ရုံ-ကြေ-ာ-က်-တတ်တဲ့လူတွေအတွက် တစ်ယောက်တည်း မကြည့်ရဲလောက်မဲ့ ဇာတ်ကားမျိုးပါပဲ
