124 နှစ်များ - ဘာသာပြန်ပါ။

ကမ္ဘာ့နံပါတ် ၁ ရောင်းအား အကောင်းဆုံး သရဲကားဖြစ်လာတဲ့ ‘Until Dawn’
‘Until Dawn’ ကတော့ လက်ရှိ မြန်မာရော ကမ္ဘာတစ်ဝမ်းမှာပါ ရုံတင်ပြသနေတာဖြစ်ပြီး ဘတ်ဂျက် သန်း $15M သာ သုံးထားပြီး နိုင်ငံတကာဝင်ငွေ ဒေါ်လာ သန်း $44M အထိ ရရှိထားတဲ့ရုပ်ရှင်ဖြစ်လာပါပြီ။
ဒါ့အပြင် နောက်အပတ်မှာ Final Destination: Bloodlines ထွက်လာတော့မှာမို့ Sony ရဲ့ Until Dawn အနေနဲ့ ကမ္ဘာ့လက်မှတ်ရောင်းရငွေ ဒေါ်လာ ၅၀ သန်းကို ကျော်ဖို့ သိပ်မလိုတော့ဘူးလို့ပြောလို့ရပါတယ်။
ပြောရရင် ဒီလောက် ဘတ်ဂျက်ငွေ နည်းနည်းလေးနဲ့ အမြတ်များများပြန်ရလိမ့်မယ်လို့ ထင်ကိုမထင်ထားတဲ့ ဇာတ်လမ်းလို့ပြောရမှာပါပဲ။ Until Dawn က အမေရိကမှာ ဒေါ်လာ ၁၈ သန်းနဲ့ နိုင်ငံခြားမှာ ဒေါ်လာ ၂၆ သန်း စုစုပေါင်း ဒေါ်လာ ၄၄ သန်း ရှာထားပါတယ်။ ဒီရုပ်ရှင်ကို ဒေါ်လာ ၁၅ သန်း ဘတ်ဂျက်နဲ့ ထုတ်လုပ်ခဲ့တာမို့ Sony အတွက် တော်တော်လေး အောင်မြင်တဲ့ ရုပ်ရှင်တစ်ခုလို့ ပြောလို့ရပါတယ်။
ဒါပေမယ့် တခြား Horror တွေရဲ့ ဝင်ငွေတွေကိုတော့ မယှဥ်နိုင်သေးပါဘူး။ ဥပမာ Annabelle: Creation ဆိုရင် ဒေါ်လာ ၁၅ သန်း ဘတ်ဂျက်နဲ့ ကမ္ဘာတဝှမ်း ဒေါ်လာ ၃၀၀ သန်းကျော် ရှာနိုင်ခဲ့ပါတယ်။ ‘Until Dawn’ အနေနဲ့ကတော့ စစပွဲထွက်ချင်းမှာတင် Rotten Tomatoes မှာ ၅၄% ပဲ ရထားပါတယ်။
ဆိုတော့ ‘Until Dawn’ က အောင်မြင်တယ်လည်းပြောလို့မရသလို မအောင်မြင်ဘူးလို့လည်းပြောလို့မရတဲ့ ကြားထဲမှာရှိနေတဲ့ ဇာတ်လမ်းလို့ပြောရင်ပိုပြီး မှန်ပါလိမ့်မယ်။
လက်ရှိမှာတော့ ရုံတင်နေတာဖြစ်ပြီး IMDb Rating မှာတော့ 6/10 လောက် ရထားပါတယ်။

image