တရားအားထုတ် တယ်ဆိုတာ တွယ်တာမှု ကင်းတဲ့ဘက် ဦးတည်သွားနေတာပါ....🌷🙏
အဝိဇ္ဇာ နဲ့တဏှာ ချုပ်ရင် အဲ့ဒိကျင့်စဥ်မှန်ပါတယ်။
တွယ်တာမှု ကင်းအောင် ကျင့်တဲ့ကျင့်စဥ်မှာ တွယ်တာတွေကို စွန့်လွတ်ရမှာကို ပြန်ဆုပ်ကိုင်နေရင် တစ်ခုခု လွဲနေပြီ ထင်ပါတယ်။
ဆရာလေးက သတိ ဥပေက္ခာ မမေ့မလျော့ လက်ကိုင်ထားပါ တယ်။
ဥပေက္ခာ ဆိုတာ အလွန်ကိုလေးနက်တည်ကြည်ပါတယ်။
ပေါ်လာ တဲ့အာရုံတွေကို ကြိုက်လို့ လောဘနဲ့ ပေါင်းနေတာမျိုး မလုပ်သလို မကြိုက်လို့ တုန့်ပြန်နေတာမျိုး မလုပ်တော့ဘူး..
ပေါ်လာတာကို ဥပေက္ခာ ထားနိုင်ပြီး ဘာမှမပေါ်တော့ရင်ကျ ဥပေက္ခာ မထားနိုင်ကြဘူး..
ဥပေက္ခာ ဆိုတာ အလယ်လမ်းပဲ မငြိဘူး..
ခန္ဓာ ပြရာကို အေးဆေး သတိပညာနဲ့ အရှိကိုအရှိတိုင်းအမှန်ကို အမှန်တိုင်း ရှုမှတ်နေပေးနေရုံပါပဲ..သိပေးနေရုံပါပဲ..
ဒါပေမဲ့ ယောဂီမှာ လက်တွေ့ကိုယ်တွေ့ကျင့်အားလိုပါတယ်..
အပြောလောက်မလွယ်ကူပါဘူး...
ဥပေက္ခာ နဲ့ရှုမှတ်နိုင်လာလေ သင်္ခါရ လုပ်တဲ့အားနည်းလာပါလိမ့်မယ်..
သင်္ခါရ ကို ဥပေက္ခာ ပြုနိုင်လာရင် တဖြေးဖြေး နဲ့ အသင်္ခတ ဘက် ဉာဏ်က လှည့်နိုင်သွားမှာပါ..
စိတ်ရှည်ခြင်း သီးခံခြင်းတွေ လက်ခံခွင့်လွတ်ခြင်းတွေနဲ့ အားထုတ်ရပါမယ်...
အနတ္တ သဘောကို နားလည်ပြီး အနိစ္စ ကိုပိုင်နိုင်လာရင် ဒုက္ခ သဘော ထင်ရှားလာပါလိမ့်မယ်...
🙏🌷
ဆရာလေး လကုန်...ရန်ကုန်ပြန်ကြွပါမယ်...
တစ်ရက်ပဲနားပြီး ဆရာကြီးဦးဂိုအင်ဂါရိပ်သာ ဝင်ဖို့ရှိပါတယ်။
ကိုယ်သိ တရားမျှဝေ ...သူသိတရား နာယူရင်း ကိုယ်စီကိုယ်စီ လွတ်မြောက်ရာလမ်း ကို လျှောက်လှမ်းနိုင်ကြပါစေ..
ဆရာလေးပုညစာရီ 🌷တဖြင့်
