ဖိလစ်ပိုင်၌ ခန်လာအွန်မီးတောင် ပေါက်ကွဲမှုဖြစ်ပွား
ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်းက ခန်လာအွန်မီးတောင်ဟာ မေလ ၁၃ ရက် မနက်အစောပိုင်းက ပေါက်ကွဲခဲ့ပြီး ပြာပူတွေကို လေထုထဲ ၃ ကီလိုမီတာ(၁ ဒသမ ၈ မိုင်)ကျော်အထိ မှုတ်ထုတ်နေတယ်လို သိရပါတယ်။ ဖိလစ် ပိုင်နိုင်ငံထဲက မီးတောင်ရှင် ၂၄ လုံးထဲမှာ တစ်လုံးအပါအဝင်ဖြစ်တဲ့ ခန်လာအွန်မီးတောင်ဟာ ပြီးခဲ့တဲ့ နှစ် ၁၀၀ အတွင်း အကြိမ်ကြိမ်ပေါက်ကွဲခဲ့ပြီး ဧပြီလကလည်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါသေးတယ်။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက ပေါက်ကွဲမှုအတွင်း ထုတ်ပြန်ခဲ့တဲ့ အဆင့်-၃ သတိပေးချက်ကို အခုချိန်ထိ ဆက်လက် ထုတ်ပြန်ထားတာဖြစ်ပြီး ဘေးလွတ်ကင်းရာ နယ်မြေပမာဏ အဝန်းအဝိုင်းကို ၆ ကီလိုမီတာအထိ သတ်မှတ် ထားတာပါ။ ၁၉၉၆ ခုနှစ် သြဂုတ်လ မီးတောင်ပေါက်ကွဲမှုတုန်းကတော့ ချော်တုံးချော်ခဲတွေကို မှုတ်ထုတ်ခဲ့တာ ကြောင့် အဲဒီအချိန် တောင်ထိပ်အနားရောက်နေတဲ့ တောင်တက်သမား ၃ ယောက် သေဆုံးခဲ့တယ်လို သိရပါတယ်။
ဖိလစ်ပိုင်နိုင်ငံမှာ အပြင်းထန်ဆုံး မီးတောင်ပေါက်ကွဲမှုကတော့ ၁၉၉၁ ခုနှစ်က မြိုတော်မနီလာနဲ့ ၁၀၀ ကီလို မီတာလောက်ပဲကွာတဲ့ ပီနာတူဘိုမီးတောင်ဖြစ်ပြီး လူ ၈၀၀ ကျော်သေဆုံးခဲ့ရတယ်လို သိရပါတယ်။



