အကြမ်းခံတဲ့ တန်ဖိုးနည်း Meizu Note 16 စီးရီး ထွက်ရှိ
ပရီမီယမ်ဖုန်းဒီဇိုင်းနဲ့ အကြီးစားဘက်ထရီသုံး တန်ဖိုးနည်း Meizu ဖုန်းတွေ ထွက်လာပါပြီ။
Meizu Note 16 စီးရီးကနေ Note 16 နဲ့ Note 16 Pro တွေဆိုပြီး မိတ်ဆက်လာတာပါ။ အကြမ်းခံ Build Quality နဲ့ ဧရာမဘက်ထရီသုံး Meizu Note 16 ဖုန်း ဖြစ်ပြီး Pro မော်ဒယ်က Humanoid စက်ရုပ်နဲ့ အကြမ်းခံမှုစမ်းပြခဲ့လို့ မထွက်ခင်ကတည်းက နာမည်ကြီးခဲ့တဲ့ မော်ဒယ်လို့ ဆိုရမှာပါ။
Meizu Note 16 Pro က လွတ်ကျဒဏ်ခံနိုင်တဲ့ အကြမ်းခံ Safety Airbag ဒီဇိုင်းနဲ့ လာပြီး ကျောဘက်မှာ စက်ဝိုင်းပုံကင်မရာ Module သုံးထားပါတယ်။ ရှေ့ဘက်မှာ ၆.၇၈ လက်မ 144Hz 1.5K AMOLED display သုံးထားပြီး peak brightness 4500 nits ၊ 2160Hz PWM dimming နဲ့ HDR10+ support ပါပါတယ်။
Snapdragon 7s Gen 3 Gen SoC နဲ့ လာပြီး အမြင့်ဆုံး RAM 16GB/512GB storage အထိ ရွေးလို့ ရပါတယ်။ ဘက်ထရီပါဝါကိုလည်း 80W fast charging ပေးထားတဲ့ 6200 mAh ဘက်ထရီထည့်ထားပါတယ်။ ကျောဘက် 50MP main + 8MP Ultrawide lens သုံးပြီး 8MP Selfie shooter ပါမှာပါ။
Meizu Note 16 မှာလည်း ၆.၇၈ လက်မ FHD+ 120Hz LCD panel သုံးပြီး Unisoc T8200 SoC ၊ RAM 8GB/256GB Storage နဲ့ လာပါတယ်။ ကျောဘက်ကင်မရာကိုတော့ 50MP +2MP depth shooter သုံးပါတယ်။
Pro နဲ့ ရိုးရိုးမော်ဒယ် ကွာခြားတာကတော့ Pro မှာ မှန်ပြင်အောက် လက်ဗွေနည်းပညာ ပါပြီး ရိုးရိုးမှာ ဘေးဘောင်လက်ဗွေဖတ်နည်းပညာ သုံးပါတယ်။ Meizu Note 16 မှာက IP65 rating နဲ့အတူ 6600mAh ဘက်ထရီ ၊ 40W fast charging တွေလည်း ပါပါတယ်။
ဒီဖုန်းတွေကို တရုတ်ဈေးကွက်မှာ စပြီး ရောင်းနေပါပြီ။ Meizu Note 16 အနိမ့်ဆုံးမော်ဒယ် 8GB+128GB ဗားရှင်းကို ၇၉၉ ယွမ် (၁၁၁ ဒေါ်လာ) ကနေ 8GB+256GB ကို ၁၄၉၉ ယွမ် (၂၀၈ ဒေါ်လာ) ဈေးနဲ့ ရောင်းချသွားမှာပါ။
ပိုပြီး Pro ကျတဲ့ Meizu Note 16 Pro ကိုတော့ အနိမ့်ဆုံး 12GB+256GB ဗားရှင်းကို ၁၆၉၉ ယွမ် (၂၃၅ ဒေါ်လာ) ကနေ အမြင့်ဆုံး 16GB+512GB ဗားရှင်းကို ၂၀၉၉ ယွမ် (၂၉၁ ဒေါ်လာ) အထိ ပေါက်ဈေးရှိပါတယ်။
