17 w - Translate

တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုမည့် ဝန်ထမ်းသား၊ သမီး ကျောင်းသား/ကျောင်းသူများထောက်ပံ့ငွေပေးအပ်
*****************
(ပြည်တွင်း) မေ ၁၄
၂၀၂၅ ခုနှစ် ဇွန်လအတွင်း ပြန်လည်ကျင်းပသွားမယ့် ၂၀၂၄ – ၂၀၂၅ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုမယ့် ဝန်ထမ်းသား၊သမီး Grade-12 ကျောင်းသား/ကျောင်းသူများကို ထောက်ပံ့ငွေ ပေးအပ်ပွဲအခမ်းအနားကို မေလ ၁၃ ရက် မွန်းလွဲပိုင်းက နေပြည်တော်ရှိ ရုံးအမှတ်-၃ မှာ ကျင်းပရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးထွန်းအုံ တက်ရောက်အမှာစကားပြောကြားခဲ့ပါတယ်။

အဆိုပါအခမ်းအနားသို့ ဒုတိယဝန်ကြီးများဖြစ်တဲ့ ဦးမင်းမင်း၊ ဦးကျော်ရွှေထွန်း၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ၊ ကျောင်းသား မိဘများနှင့် Grade- 12 ပြန်လည်ဖြေဆိုမည့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြပါတယ်။

အဆိုပါအခမ်းအနားမှာ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးများက ဇွန်လအတွင်း ပြန်လည်ကျင်းပ စစ်ဆေးသွားမယ့် ၂၀၂၄-၂၀၂၅ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုမည့် ဝန်ထမ်း သား၊ သမီး Grade -12 ကျောင်းသား ကျောင်းသူ ၂၈ ဦးကို ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရပါတယ်။

image