ရင်သားကင်ဆာကို ၅ နှစ်ကြိုတင်ခန့်မှန်းနိုင်တဲ့ AI
============================
ရင်သား ကင်ဆာ ဟာ အမျိုးသမီးတွေမှာ အဖြစ်များတဲ့ ရောဂါဖြစ်ပြီး အသက်ပေါင်းများစွာ ဆုံးရှုံးနေရပါတယ်။ ရင်သားကင်ဆာကို စောစောစီးစီး ကြိုတင်သိနိုင်ရင် ပျောက်ကင်းအောင် ကုသနိုင်ပါတယ်။
အခုတော့ ရင်သားကင်ဆာကို ၅ နှစ်ကြိုတင်ခန့်မှန်းနိုင်တဲ့ AI ကို Duke တက္ကသိုလ်မှ ပညာရှင်တွေက တီထွင်လိုက်ပါတယ်။ အဲဒီ နည်းပညာကို AsymMirai လို့ နာမည်ပေးထားပြီး ရင်သား ဓါတ်မှန်ကို ခွဲခြမ်းစိတ်ဖြာဖို့ Deep Learning ကို အသုံးပြုထားပါတယ်။ ရင်သား ဘယ်ဘက်နဲ့ ညာဘက်မှာ မတူညီမှုတွေကို အသေးစိတ် စစ်ဆေးပေးနိုင်ပါတယ်။
အဲဒီ AI နည်းပညာဟာ သမားရိုးကျ ရင်သားကင်ဆာ စစ်ဆေးတဲ့ နည်းလမ်းတွေထက် ပိုမို အစွမ်းထက်ပါတယ်။ AI ဟာ လူသား ဆရာဝန်တွေထက်လည်း ပိုမို ထိရောက်စွာ စစ်ဆေးပေးနိုင်ပါတယ်။
AsymMirai ကို ရင်သား ဓါတ်မှန် ၂၁၀,၀၀၀ ကျော်နဲ့ လေ့ကျင့်သင်ကြားပေးထားပြီး အနာဂတ်မှာ ရင်သားကင်ဆာကို စောစီးစွာ စစ်ဆေးဖို့ ထိရောက်တဲ့ နည်းပညာ ဖြစ်လာမှာပါ။
Ref : The Verge
#ai
