ငွေ ၊ ဘ၀ရည်မှန်းချက် ၊ အခွင့်အလမ်း ၊ ရင်းနှီးမြှုပ်နှံခြင်းတို့အတွက် လမ်းညွှန်
အနာဂတ်အတွက် အစီအမံတွေရေးဆွဲကြတဲ့အခါ ကျွန်တော်တို့ မကြာခဏမေးတတ်တာ ရှိပါတယ် ။ " လာမယ့်နှစ်မှာ စီးပွားရေးက ဘယ်လိုဖြစ်လာမလဲ ။ " ဒါမှမဟုတ် " နောက်လာမယ့် ဆယ်နှစ်မှာ ဘာတွေကွာခြားသွားမှာလဲ ။ "
ဒါပေမဲ့ ကြိုတင်ခန့်မှန်းရတာ ခက်ပါတယ် ။ အနာဂတ်ကို ပုံဖော်ပေးမယ့် အရေးကြီးတဲ့ အဖြစ်အပျက်များကို ပင်ကိုအားဖြင့် မှန်းဆလို့ မရပါဘူး ။ အဲဒီအစား အခြားမတူတဲ့ မေးခွန်းကို ကျွန်တော်တို့ ပြောင်းမေးသင့်ပါတယ် ။
" အခုကနေစပြီး နောက်လာမယ့် ဆယ်နှစ်မှာ မပြောင်းလဲတာ ဘာတွေဖြစ်မလဲ ။ " "အခုကနေစပြီး နောက်လာမယ့် နှစ်တစ်ရာမှာရော မပြောင်းလဲတာ ဘာတွေဖြစ်မလဲ ။ "
ကြိုတင်မသိနိုင်တဲ့ အနာဂတ်အတွက် ဘယ်တော့မှ မပြောင်းလဲတဲ့ အသိပညာများဟာ မသေချာ မရေရာတဲ့ ခန့်မှန်းချက်များထက် ပိုအသုံးဝင်ပြီး ပိုအရေးကြီးပါတယ်။ "နိယာမ" စာအုပ်ထဲမှာ စာရေးဆရာက ဘဝ ၊ အမူအကျင့်နဲ့ စီးပွားရေးတို့ဟာ အမြဲတမ်းအတူတူပဲဆိုတာကို ဇာတ်လမ်းတို ၂၃ ခုနဲ့ ဝေမျှထားပါတယ် ။
ဘယ်တော့မှ မပြောင်းလဲတဲ့ အသိပညာများကို စွဲကိုင်ထားမယ်ဆိုရင် စွန့်စားမှု ၊ အခွင့်အလမ်း ၊ မသေချာမရေရာတဲ့ အနာဂတ်တွေမှာ လမ်းကြောင်းရှာတာနဲ့ ပတ်သက်ပြီး သင့်မှာ တွေးခေါ်နိုင်စွမ်း အသစ်တွေ အားကောင်းလာပါလိမ့်မယ် ။ ရင်းနှီးပြီးသား အကြောင်းအရာ ၊ အဖြစ်အပျက်တွေကို လာမယ့်နှစ်တွေမှာ ထပ်ခါထပ်ခါ မြင်တွေ့ရတိုင်း သင် ခေါင်းတညိတ်ညိတ်နဲ့ ပြောမိပါလိမ့်မယ် ။
" သြော် … နိယာမ ပါပဲ။"
Psychology of Money စာအုပ်နဲ့ Best Sellers စာရင်းဝင်စာရေးဆရာ Morgan Housel ရဲ့ ဒီစာအုပ်က ငွေ ၊ ဘ၀ရည်မှန်းချက် ၊ အခွင့်အလမ်း ၊ ရင်းနှီးမြှုပ်နှံခြင်းတို့အတွက် ဖတ်ရှုသင့်တဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။
#နိယာမ
#same_as_ever
#drphyomintun
