ဒီနေ့ဘာလုပ်တယ် ဘယ်သွားတယ်
ဆိုတာတွေကိုတစ်ခုချင်း
ပြန်ပြောပြရတာသဘောကျတယ်၊
အဆင်ပြေတာရော မပြေတာရော
နားထောင်ပေးမယ့်လူသာရှိတယ်ဆိုရင်
တစ်နေ့တာစိတ်ပေါ့ပါးနေရမယ့်
ခံစားချက်ကို အပြည့်အဝရမှာပဲ။
ကိုယ်ကအလေးထားပြောပြချင်သလို
တစ်ဖက်ကလည်း သူ့ရဲ့အကြောင်းတွေကို
ဂရုတစိုက်အသိပေးလာတာလိုချင်မိတယ်။