7 ပတ် - ဘာသာပြန်ပါ။

မက်ဂွဲယားကို အနားပေးချင်တာကြောင့် wide CB မှာ ပွဲထုတ်လာနေတဲ့ ယိုရိုကို CCB ပို့လိုက်တဲ့နောက် မနေ့ညကပွဲမှာ ယိုရိုဒဏ်ရာရသွားပြီ။ ဖြစ်နိုင်ချေကတော့ Ankle injury ဖြစ်နိုင်တယ်။ အခြေအနေက ရေရှည်နားရမယ့်ပုံစံမျိုးပါ။
အသင်းကတော့ ပရီးမီးယားလိဂ်ကို လက်လျှော့ထားပြီးသားမို့ ဒီရှုံးပွဲတွေကတော့ မထူးဆန်းတောဘူး။ ဒါပေမယ့် ယိုရိုလို အဓိကပလေယာနာသွားတာကတော့ စိတ်မရွှင်မလန်းစရာတစ်ခုပါပဲ။
ယိုရိုဒဏ်ရာရသွားတော့ အမိုရင်လည်း သူအနားပေးချင်တဲ့ ဟယ်ရီမက်ဂွဲယားကို နောက်ဆုံးမှာတော့ ထည့်သုံးလိုက်ရတယ်။ ယိုရိုရဲ့ဒဏ်ရာအခြေအနေကို စိတ်ပျက်ဝမ်းနည်းနေတဲ့ အမိုရင်နဲ့မျက်နှာထားကို မြင်ပြီးရင်တော့ ယိုရိုပါ ယူရိုပါလိဂ်ဖိုင်နယ်လွဲမှာသေချာသလောက်ပဲ။

image