124 နှစ်များ - ဘာသာပြန်ပါ။

အန်ဆယ်လော့တီကတော့ ဘရာဇီးလ်ကိုရောက်တာနဲ့ ပျောက်ကွယ်နေတာကြာခဲ့ပြီဖြစ်တဲ့ Tank ကြီး ကာစီမဲရိုးဦးဆောင်တဲ့ ကွင်းလယ်ကို ပြန်အသက်သွင်းဖို့အတွက် အခုတည်းက စတင်ပြီးတော့ ကြံစည် နေခဲ့ပြီ။
လက်ရှိမှာဆိုရင် ကာစီမဲရိုးဟာ အမိုရင်ရဲ့လက်အောက်မှာ ကောင်းကောင်းအသုံးချနိုင်မှုနဲ့အတူ သူဟာ အသက်အရွယ်အရ သက်လုံးကျသွားတာကလွဲရင် မခေသေးကြောင်းကို ပြသထားတယ်။
ဘရာဇီးလ်မှာလည်း အတွေ့အကြံရှိတဲ့ ကစားသမားတစ်ယောက်ရဲ့ ဦးဆောင်မှုကို လိုအပ်နေတာဖြစ်ပြီး အန်ဆယ်လော့တီ နဲ့ ကာစီမဲရိုးနဲ့ကြားက ဆက်ဆံရေးဟာလည်း ကောင်းမွန်နေတာဖြစ်လို့ ဘရာဇီးလ် မှာ ကာစီရဲ့ကွင်းလယ်ကို မြင်လာရဖို့များနေပါပြီ။

image