124 yrs - Translate

ကင်မရာကောင်းသလောက် ဈေးမြောက်တဲ့ Sony Xperia 1 VII
Sony ဖုန်းတွေက လူတိုင်းအတွက် မဟုတ်ဘူးလို့ ပြောကြပါတယ်။ ဒါလည်း မှန်တာပါပဲ။
Trend နောက် မလိုက်ဘဲ ကိုယ်ပိုင်ဒီဇိုင်း ၊ ကိုယ်ပိုင်ရပ်တည်ချက်နဲ့ ထိုးဖောက်တဲ့ ရှားပါး ဖုန်း brand တစ်မျိုးဖြစ်တဲ့ Sony က သူ့ရဲ့ တန်ဖိုးမြင့် Xperial 1 VII သစ်ကို ကြေညာပါတယ်။ iPhone 16 Pro Max ထက်တောင် ဈေးမြင့်တဲ့ဖုန်းပါ။
Xperai 1 VII ကိုက ကင်မရာတစ်ပိုင်းဖုန်းပါပဲ။ တစ်ခါကလို 4K display နဲ့ 21:9 aspect ratio မပါတော့တာကလွဲရင် ကင်မရာ ပိုတောင်ကောင်းလာပါတယ်။ လက်ရှိအမြင့်ဆုံး chipset ဖြစ်တဲ့ Snapdragon 8 Elite SoC နဲ့ လာပြီး RAM 12GB ၊ vapor chamber cooling တွေ သုံးလာတာပါ။
ကင်မရာပိုင်းမှာ Ultrawide lens သစ် 48MP 1/1.56 inch sensor က Xperia 1 VI ထက် ၂.၁ ဆ ပိုကြီးပြီး full-frame ကင်မရာတစ်လုံးနဲ့ ပိုတူလာပါမယ်။ ဒီ lens က ရုပ်ထွက်မကောင်းတာကို အနည်းဆုံး လျှော့ချနိုင်ပြီး 5cm macro shots တွေ ဖမ်းယူနိုင်ပါတယ်။
main နဲ့ zoom lens ကို အရင်မော်ဒယ်တွေလိုပဲ 24mm/48mm Exmor T lens နဲ့ dual pixel PDAF , OIS ပါ 48MP wide lens နဲ့ 12MP 3.5x-7.1x continuous optical zoom တွေနဲ့ လာပါတယ်။ telephoto lens က 1/3.5" Exmor RS imager နဲ့ လာတဲ့ 85mm-170mm f/2.3-f/3.5 lens ဖြစ်ပြီး 4cm telemacro လုပ်ဆောင်ချက်လည်း ပါပါတယ်။
ကင်မရာစနစ်မှာ AI သုံး Alpha smarts တွေ ဖြစ်တဲ့ လူနဲ့ တိရစ္ဆာန်တွေအတွက် Sony ရဲ့ real-time eye AF ၊ AI နဲ့ အဓိက subject မှတ်သားမှု ၊ AI white balance , AI exposure နဲ့ AI depth တွေ ပါပါမယ်။
AI ကင်မရာပိုင်းမှာ AI Camera Work လိုမျိုး subject တစ်ခု ရိုက်မိမရိုက်မိပြန်စစ်စရာမလိုဘဲ ဗွီဒီယိုရုပ်ထွက်အဆင်ပြေစေမယ့် နည်းပညာ နဲ့ အပြေးအလွှား ရိုက်ချက်တွေ auto crops လုပ်ပေးသလို အနီးကပ်ရော အဝေး wide shots ပါ တပြိုင်တည်း ဖမ်းနိုင်မယ့် Auto Framing လို အဆင့်မြင့်စနစ်တွေ ပါလာပါတယ်။
Sony Xperial 1 VII မှာ 3.5mm audio jack ဆက်သုံးထားပြီး 360 Rality Audio, Spatial Sound, Full-Stage စတီရီယိုစပီကာလိုမျိုး အသံနည်းပညာတွေ ပါပါတယ်။ microSD card slot ပါပြီး IP68 rating ၊ Gorilla Glass Victus 2 မှန်ကာကွယ်မှု ၊ ဘေးဘောင်လက်ဗွေဖတ် sensor ၊ 30W fast cahrging နဲ့ Qi Wireless charging ပါ 5000mAh ဘက်ထရီတို့လည်း သုံးထားပါတယ်။
အရင် Xperia 1 မျိုးဆက်အတိုင်း ၆.၅ လက်မ 1-120Hz FHD+ OLED panel နဲ့ လာပါတယ်။ Android 15 သုံး Xperia 1 VII က OS Update ၄ နှစ် နဲ့ Security Update ၆ နှစ် ရမှာပါ။ အရောင်အနေနဲ့ Slate Black , Moss Green နဲ့ Orchid Purple သုံးရောင်နဲ့ ထွက်ပါတယ်။

image