#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ ဩစတြေးလျဝန်ကြီးချုပ် အယ်လ်ဘာနီစီ ဒုတိယသက်တမ်း ကျမ်းသစ္စာကျိန်ဆို
ဩစတြေးလျဝန်ကြီးချုပ် အယ်လ်ဘာနီစီနှင့် ၎င်း၏အစိုးရအဖွဲ့သည် ရွေးကောက်ပွဲတွင်အပြတ်အသတ်အနိုင်ရရှိပြီးနောက် မေ ၁၃ ရက်တွင် ယဒုတိယသက်တမ်းအတွက် ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။
အစိုးရတွင်ဘဏ္ဍာရေး၊ နိုင်ငံခြားရေး၊ ကာကွယ်ရေး၊ ကုန်သွယ်ရေးဝန်ကြီးများ ပြောင်းလဲခြင်းမရှိသော်လည်း သဘာဝပတ်ဝန်းကျင်ဝန်ကြီး၊ လူမှုရေးဝန်ကြီးနှင့် ရှေ့နေချုပ်ရာထူးများတွင်လူသစ်များ ခန့်အပ်ခဲ့သည်။
ဝန်ကြီးချုပ်၏ လေဘာပါတီ အပြတ်အသတ် အနိုင်ရပြီးနောက်တွင် အတိုက်အခံ ကွန်ဆာဗေးတစ် လစ်ဘရယ်ပါတီသည် ပါတီခေါင်းဆောင်သစ်အဖြစ် ဆူဆန်လီကို ရွေးချယ်ခဲ့ကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူက ပြောသည်။
ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေး၊ ကျား၊မ တန်းတူရေးမူဝါဒများဖြင့် ဆစ်ဒနီနှင့်မဲလ်ဘုန်းတို့တွင် တစ်သီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ဆူဆန်လီသည် လစ်ဘရယ်ပါတီ၏ ပထမဆုံးသော အမျိုးသမီးခေါင်းဆောင်ဖြစ်သည်။
ဒုတိယသက်တမ်းကျမ်းသစ္စာကျိန်ဆိုခဲ့သော ဝန်ကြီးချုပ် အယ်လ်ဘာနီစီသည် မေ ၁၄ ရက်တွင် အင်ဒိုနီးရှားနိုင်ငံသို့ သွားရောက်မည်ဖြစ်ပြီး ပုပ်ရဟန်းမင်းကြီး လီယို-၁၄ ၏ ကျမ်းသစ္စာကျိန်ဆိုပွဲသို့ တက်ရောက်ရန်မေ ၁၈ ရက်တွင် ရောမသို့ သွားရောက်မည်ဖြစ်သည်။

image