7 w - Translate

Layer Blur ထည့်လိုက်တော့ Gradient ဖြစ်၊​ အသစ်ဖြစ်သွားပြီ 🫠
.
Google ကနေ အခု Signature "G" Logo ကို ပုံစံအသစ်ပြောင်းလိုက်ပြီဖြစ်ပါတယ်။ ဒါက အရှေ့တုန်းက Google Logo ဟာ စက်တင်ဘာလ (၁) ရက်နေ့၊ ၂၀၁၅ ခုနှစ်က နောက်ဆုံးအနေနဲ့ ပြောင်းထားခဲ့တာဖြစ်တာကြောင့် အချိန် ၁၀ နှစ်နီးပါးကြာမှ အသစ်ပြောင်းတာပါ။
အသစ်ပြောင်းတယ်ဆိုပေမယ့် အရောင်တွေက Layer Blur ဖြစ်သွားတော့ Gradient လိုဖြစ်သွားတာပဲရှိတယ်။ Color တွေ၊ Shape တွေက အရင်အတိုင်းပဲ။
ဆိုတော့ Google Logo အသစ်ကို ဘယ်လိုမြင်ကြလဲ... ၁၀ နှစ်နေမှ အသစ်ပြောင်းတာဆိုတော့ တခြား Google Product တွေပါ Logo အသစ်တွေ လိုက်ပြောင်းမယ့်ပုံစံပဲ 👀

image