မေလ၁၃ရက်နိုင်ငံတကာသတင်းတိုများ
၁။ဗြိတိန်ဝန်ကြီးချုပ်စတာမာ၏အိမ်ကိုမီးရှိသူဟုသံသယရှိသူအသက်၂၁နှစ်အရွယ်အမျိုးသားတစ်ဦးကိုဖမ်းဆီးလိုက်ကြောင်းဗြိတိန်ရဲကကြေညာသည်။
၂။အမေရိကန်သမ္မတထရမ့်သည်သူ၏အရှေ့အလယ်ပိုင်းခရီးစဥ်အဖြစ်ဆော်ဒီနိုင်ငံရီယာ့ဒ်မြိုသိုယနေ့ရောက်ရှိပြီးဆော်ဒီအိမ်ရှေ့မင်းသားနှင့်တွေ့ဆုံဆွေးနွေးသည်။
၃။အမေရိကန်သမ္မတထရမ့်ကဆော်ဒီတွင်လက်ခံတွေ့ဆုံမည့် ISISအကြမ်းဖက်ခေါင်းဆောင်အဖြစ်မှဆီးရီးယားသမ္မတဖြစ်လာသူအယ်လ်ရှာရာသည်အမေရိကန်ကယခုအချိန်အထိအကြမ်းဖက် သမားစာရင်းသွင်းထားသူဖြစ်ကြောင်းThe Timesသတင်းစာကဖော်ပြလိုက်သည်။
၄။လစ်ဗျားနိုင်ငံတည်ငြိမ်ရေးအတွက်လစ်ဗျားအစိုးရကငွေကြေးထောက်ပံ့ထားသောပြည်သူ့စစ်ခေါင်းဆောင်အက်ဘက်ဂါရီအယ်လ်ကစ်ကလီသည်ယနေ့ထရီပိုလီမြိုတော်ပစ်ခတ်မှုတစ်ခုအတွင်းသေဆုံးသွားသည်။
၅။အယ်လ်ဂျာဇီးယားရုပ်သံသည်ပါလက်စတိုင်းနယ်မြေတွင်ထုတ်လွှင့်ခွင့်ပြန်လည်ရရှိပြီဖြစ်ကြောင်းသတင်းဌာနအကြီးအကဲကကြေညာသည်။
NOM