7 ပတ် - ဘာသာပြန်ပါ။

#အရင်လိုတော့
သဘောမကောင်းရဲတော့ဘူး
ကိုယ်ပေးတဲ့ စေတနာ
တွေနဲ့ပဲ ပြန်စော်ကား
သွားကြတယ်လေ....
#အားနားတတ်ပါတယ်
အရင်လိုတော့
မလိုက်လျောရဲတော့ဘူး
ကိုယ်ပေးတဲ့မေတ္တာတွေကို
အဆိပ်ခတ်သွာကြတယ်လေ ...
#ကိုယ်ချင်းစာတတ်ပါတယ်
အရင်လို နေရာတကာ
လိုက် မခံစားရဲတော့ဘူး
ကိုယ်ရဲ့စာနာစိတ်နဲ့
ကိုယ့်ကို သတ်သွားကြတယ်လေ
#သနားတတ်ပါတယ်
အရင်လိုလူတိုင်းကို
မကူညီရဲတော့ဘူး
ကိုယ့်ရဲ့ အကူညီနဲ့ပဲ
ဒုက္ခတွေချန်ထားသွားကြတယ်လေ..
#မချစ်တတ်တော့ဘူး
ကိုယ့်ရဲ့ ချစ်တဲ့စိတ်နဲ့ပဲ
ကိုယ့်ကို အနိုင်ယူချင်ကြတယ်
သူငါ့ကို ချစ်နေတာပဲ ဆိုပြီး
ဂရုမစိုက်ပဲ ပစ်ထားတတ်ကြတယ်လေ...
#ဟန်မဆောင်တတ်တဲ့စိတ်
မာယာ မသုံးတတ်တဲ့စိတ်
အဲ့ဒီအရာတွေကပဲ
အမြဲတမ်း အရှုံးဖက်ကနေခဲ့ရတယ် ။
#အခုတော့နေတတ်သွားပါပြီ
ကမ္ဘာပေါ်မှာ
သနားစရာအကောင်းဆုံး
လူဟာငါပါလားလို့
ကိုယ့်ကိုကိုယ်
သနားလာတတ်ပြီးတဲ့
နောက်ရှုံးနိမ့်ခြင်းတွေကို
မလိုလားတော့သလို
#မျက်ရည်တွေလည်း
မစတေးချင်တော့ဘူး
လူတိုင်းအပေါ်
စေတနာထားလို့
မရနိုင်ဘူးဆိုတာလည်း
သိခဲ့ရပြီးပြီလေ.
#ယုံကြည်မှုဆိုတာလည်း
လူတိုင်းနဲ့ မထိုက်တန်တာမို့
အရင်လို ပူလောင်မှုတွေ မရှိတဲ့
ကိုယ်ပိုင်တဲ့နေရာလေးမှာပဲ
တိတ်တဆိတ်လေး
နေထိုင်လိုက်တာ ကိုယ့်အတွက်
အကောင်းဆုံးလို့ထင်မိပါတယ်။

image