ငွေ မရှီ ဘဲ အိုမင်း မဲ့ အချိန် ကို ရောက် လာမှာ ကြောက် မိတယ်
ငွေမစုဘဲ အိုမင်းမသွားပါနဲ့
ဘာကြောင့်လဲဆိုတော့...
ဆင်းရဲဒုက္ခဟာ
ကျွန်တော်တို့ပြန်စဖို့
အားမရှိတော့တဲ့အချိန်မှာ
ပိုပြီးနာကျင်စေလို့ပါ။
၁။ ငွေမရှိရင်..
သေးသေးမွှားမွှားဖြစ်ဖြစ်
သက်သောင့်သက်သာနဲ့
ရွေးချယ်ခွင့်မရှိဘူး။
အရသာရှိတာစားချင်ရင်
တွက်ချက်ရမယ်
အနားယူချင်ရင် စောင့်ဆိုင်းရမယ်။
တိတ်ဆိတ်စွာနေချင်ပေမယ့်
သူများအသံတွေကိုသည်းခံနေရမယ်။
၂။ ငွေမရှိရင်..
ကိုယ့်စကားလုံးတွေတောင်
အလေးမထားဘူး။
သားသမီးကို
ကြီးပြင်းအောင်မွေးခဲ့ပေမယ့်
တစ်နေ့မှာတော့..
ဘာမှမရှိတဲ့သူရဲ့စကားဟာ
အိမ်ထဲက
အသံတိုးတိုးလေး ပဲ ဖြစ်နေမယ်။
၃။ ငွေမရှိရင် နာမကျန်းတဲ့အခါ၊
အားငယ်တဲ့အခါ၊
အားနည်းတဲ့အခါ ကာကွယ်စရာမရှိဘူး။
ဆရာဝန်ဖိုး၊ဆေးဖိုး၊
ဆေးရုံသွားစရိတ် ဒါတွေက
သက်ကြီးရွယ်အိုတွေကို
ညှာတာလေ့မရှိဘူး။
လက်တွေ့ဘဝက
ပုံပြင်ထဲကလို
အမြဲကူညီမယ်သူရှိတာမျိုးမဟုတ်ဘူး။
၄။ ငွေမရှိရင်
သေချင်သလို*သေဖို့တောင်
ဂုဏ်သိက္ခာမရှိဘူး။
မနေချင်တဲ့နေရာမှာ နေရမယ်
မစားချင်တဲ့အရာကို စားရမယ်
မတောင်းချင်တာကို တောင်းနေရမယ်
၅။ ငွေမရှိရင်
ဘဝနောက်ဆုံးအချိန်မှာ
ပျော်ရွှင်မှုမရှိဘူး။
တစ်ဘဝလုံး အလုပ်ကြိုးစားခဲ့တာ၊
အရာရာသည်းခံခဲ့တာ
နောက်ဆုံးမှာတော့
အိုမင်းသွားတဲ့အချိန်နဲ့အတူ
တစ်ကိုယ်တည်း ဆိတ်ငြိမ်စွာ
နေရုံပါပဲ။
