18 ပတ် - ဘာသာပြန်ပါ။

ဒီနေ့အတွက် IMDb rating 8.0/10 ရရှိထားပြီး CM ပရိသတ်တစ်ချိုလည်းတောင်းဆိုထားတဲ့ Animation ကားလေး တင်ပေးလိုက်ပါတယ်။အချိန်ကာလက စစ်အေးကာလ အမေရိကန်နဲ့ ဆိုဗီယက်တို အပြင်းအထန် အားပြိုင်နေချိန်ပေါ့။ အဲ့လိုအချိန်မှာ ဆိုဗီယက်က ကမ္ဘာ့ပထမဆုံး ဂြိုဟ်ထုဖြစ်တဲ့ Sputnik I ကြီးလွှင့်လိုက်တော့ အမေရိကန်မှာ ဆိုဗီယက် ကျူးကျော်စစ်တို၊ ကောင်းကင်ကကျလာမယ့် ဆိုဗီယက် စစ်လက်နက်တွေတို အကြောင်း တွေးရင်း ပြောရင်း အရမ်း Paranoid ဖြစ်နေချိန်ပေါ့။
.
အဲ့လိုအချိန်မှာ Hogarth Hughes လိုခေါ်တဲ့ ၁၂ နှစ်အရွယ်လောက်ကောင်လေး ဟာ သူ့အမေ Annie နဲ့ အမေရိကန်က ကမ်းရိုးတန်း နယ်စွန်နယ်ဖျား မြိုလေးရဲ့ အစပ်မှာ နေထိုင်ပါတယ်။ တစ်ရက်မှာတော့ Annie ဟာ အလုပ်ကနေ အိမ်ပြန်တာနောက်ကျ မှာဖြစ်လို (Hogarth မှာ အမေပဲရှိတော့ပါတယ်) Hogarth တစ်ယောက်ထဲ အိမ်မှာ ရှိနေချိန် တီဗွီအင်တင်နာကို တစ်ခုတစ်ခုက ချိုးယူသွားတဲ့အခါ ဇာတ်လမ်းစတော့ တာပါပဲ။ သတ္တိရှိပြီး စူးစမ်းစိတ်အပြည့်ရှိတဲ့ Hogarth လေးဟာ တောထဲအထိ သူ့ အင်တင်နာချိုးသွားတဲ့ အရာကိုလိုက်ရှာရာမှာတော့ ပေ ၁၀၀ ခန့်မြင့်တဲ့ သံမဏိ စက်ရုပ်ကြီးဟာ သူ့အင်တန်နာကို စားသွားတာဖြစ်ကြောင့် အံ့သြဖွယ်ရာ သိရှိ လိုက်တဲ့ အခါမှာတော့။
. x_35
Review
ဒီ animation ဟာ 1999 မှ ထွက်ခဲ့တာဖြစ်တဲ့အတွက် အခု ၂၀၁၆ ဆို နှစ်ပေါင်း ၁၇ နှစ်လောက်ကြာပြီဖြစ်ပေမယ့် ရိုက်ထား၊ ဆွဲထားတဲ့ ပုံဟာ အရမ်းကို သပ်ရပ်လှပပြီး ဇာတ်ကောင်တွေရဲ့ action လှုပ်ရှားမှုတွေ စိတ်ခံစားမှုတွေကို ဆွဲထားရာမှာလည်း ပီပြင်ပါတယ်။ ၁၇ နှစ်ကြာသွားတဲ့အတွက် ဒီခေတ် animation တွေနဲ့ နည်းပညာ ကွာခြားမှုတွေရှိလာပေမယ့် ရေးဆွဲထားတဲ့ art ပိုင်းဆိုင်ရာမှာ ဒီခေတ်က animation ကားတော်တော်များထက်ကို သာလွန်နေသေးတယ်။
.
ပြီးတော့ ဒီကားမှာပါတဲ့ character တွေဟာ အရမ်းကို sweet ဖြစ်ပြီ ချစ်ဖိုတယ်။ ဥပမာ ဗီလိန်လိုပြောလိုရမဲ့ government agent Mr. Kent တောင်မှ သူ့ဟာသူ ချစ်ဖိုကောင်းတယ်။ အသံသရုပ်ဆောင်ပိုင်းအရလည်း Jennifer Aniston, Van Diesel, Harry Connick Jr. တိုဟာ ပြောစရာမရှိဘူး။ အထူးသဖြင့် Van Diesel ကြီးက မိုက်တယ် လိုပြောရမယ်။
.
Script, Screenplay အားလုံးဟာ ဒီကားရဲ့ plot နဲ့ ဇာတ်ကောင်တို ပိုမို ပေါ်လွင်စေဖို ကို အကောင်းဆုံးအားဖြည့်ထားပါတယ်။ စစ်အေးခေတ် နောက်ခံ theme လေးကိုလည်း တော်တော်သဘောကျမိတယ်ဗျာ။ အထူးသဖြင့် Fallout games တွေဆော့ဘူးတဲ့လူဆို ပိုကြိုက်လိမ့်မယ်။ Plot ပိုင်းအရကြည့်မယ်ဆိုလည်း တစ်ကယ့် ကို သဘာဝကျကျနဲ့ (ပေ ၁၀၀ မြင့်တဲ့ စက်ရုပ်ကြီးပါနေသည့်တိုင်အောင်) ပေးချင် ပြောချင်တဲ့ message ကိုလည်း ရင်ထဲထိရောက်အောင် ပေးနိုင်တာကို တွေ့ရတယ်။ နည်းနည်းတော့ ကလေးဆန်မှာပေါ့။ ကလေးတွေအတွက် ရိုက်ထားတာကိုး။ (ဒါပေမယ့် လူကြီးတွေလည်း ကြည့် ငို ရလောက်ပါတယ်။)
အချုပ်ပြောရရင် the Iron Giant ဟာ script, screenplay, acting, animation, artwork အဘက်ဘက်က သေသပ်စွာ ပုံဖော်ထားတဲံ ဇာတ်ကားကောင်းတစ်ကား ပါ။ သူ့ရဲ့ ဇာတ်လမ်းနဲ့ ပေးချင်တဲ့ message လေးပါ ပေါင်းလိုက်တဲ့အခါကျ ကျွန်တော်ကြည့်ဖူးသမျှ animation တွေရဲ့ အကောင်းဆုံး စာရင်းဝင်ခဲ့ပါတယ်။

The Iron Giant (1999)

ဇာတ်ကားလင့်
https://t.me/c/2186686827/331

Channel Join ရန်လင့်
https://t.me/+snaCVmemMMBhNDRl

image