18 ပတ် - ဘာသာပြန်ပါ။

ဆီဘောက်ဆာကားမှ ဆီလက်ကျန်များအား ပလပ်စတစ်ကော်ပုံးသို ဆီဖောက်ထည့်ရာမှ မီးလောင်မှုဖြစ်ပွား

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ကျွဲဆည်ကန်(၈)လမ်း၊ အိမ်အမှတ်(ဆ/၁၄)ရှိ နေအိမ်အတွင်း ဆီဘောက်ဆာကားမှ ဆီလက်ကျန်များအား ပလပ်စတစ်ကော်ပုံးသို့ ဆီဖောက်ထည့်ရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ယမန်နေ့မွန်းလွဲ ၃ နာရီခွဲအချိန်ခန့်က ချမ်းမြသာယာရပ်ကွက်နေ ဦးမြင့်ဇော်ဦး ပိုင်ဆိုင်သော​​နေအိမ်ဝင်းအတွင်း MDY-14/ 1K-6670 Nissan Diesel (၁၀)ဘီးကား ဆီသယ်ယာဉ်မှ (95)ဆီကျန်များအား ပလပ်စတစ်ကော်ပုံးအတွင်းသို့ ဆီဖောက်ထည့်ရာမှ တည်ငြိမ်သဘာဝလျှပ်စစ်ဖြစ်ပြီး မီးလောင်မှုစတင်ဖြစ် ပွားခဲ့ရာ မီးလောင်ကျွမ်းမှုဖြစ်ပွားရာသို့ မီးသတ်တပ်ဖွဲ့ဝင်များသွားရောက် ငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၃ နာရီ ၃၅ မိနစ်အချိန်တွင် မီးထိန်းနိူင်ခဲ့ပြီး မွန်းလွဲ ၃ နာရီ ၃၈ မိနစ်အချိန်ခန့် တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။မီးလောင်မှုကြောင့် MDY-14/1K/6670 Nissan Diesel (၁၀)ဘီးကား ဘောက်ဆာနောက်အလုံး ဆုံးရှုံးမှုတန်ဖိုး ၆၅၀ဝ၀ဝဝ ကျပ်ခန့်၊MDY-16/6F/1830 Honda Fit ကားနောက်ဘက်ခြမ်း ဆုံးရှုံးမှုတန်ဖိုး ၁၅၀၀၀၀ဝ ကျပ်ခန့်၊ စုစုပေါင်းဆုံး ရှုံးမှုတန်ဖိုး ၈၀၀၀၀၀ဝ ကျပ်ခန့် မီးလောင်ဆုံးရှုံးခဲ့ရပြီး၊ မီးလောင်မှုနှင့်ပတ်သက်၍ ဦးမင်းဇော်ဝင်း၊ ၅၂ နှစ်၊ ယာဉ်မောင်း၊ (ဘ)ဦးစိန်ဝင်းအား အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

image