18 ပတ် - ဘာသာပြန်ပါ။

မကြာသေးခင်က ထွက်လာတဲ့ ကောလဟာလတွေအရ The Batman: Part II ရဲ့ ထုတ်လုပ်ရေး စာရင်းမှာ Matt Reeves က The Batman 2 ကိုဆက်မရိုက်တော့ဘူးဆိုတဲ့ သတင်းတွေထွက်လာပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလကလည်း The Batman 2 ကို ဖျက်လိုက်ပြီဆိုတဲ့ မဟုတ်တဲ့ ကောလဟာလတွေကိုလည်း James Gunn က ဒီလို ပြောထားပါသေးတယ်။
“ဆိုရှယ်မီဒီယာမှာ ဘယ်သူမှန်းမသိတဲ့ လူတစ်ယောက်ပြောတာကို ဘာလို့ ယုံရမှာလဲ။ ငါတို့က ရုပ်ရှင် ဖျက်လိုက်ရင် ဖျက်လိုက်တယ်လို့ ပြောမှာပေါ့။ ဒီလို ဟန်ဆောင်နေဖို့ ဘယ်သူ့မှာမှ အချိန်မရှိဘူး။ ငါက Cloverfield နဲ့ Apes ရုပ်ရှင်တွေထွက်ထဲက Matt Reeves ရဲ့ Fan အကြီးစားတစ်ယောက်ဖြစ်ခဲ့တာပဲ။ သူနောက်ပိုင်းလုပ်တဲ့ ဇာတ်လမ်းတွေက ငါ့အတွက်တော့ စိတ်ဝင်စားစရာတွေပဲ” လို့ James Gunn ကပြောလာပါတယ်။
အကြောင်းအရင်းကတော့ Production Weekly ဆိုတဲ့ Site တစ်ခုကနေ The Batman: Part II ကို ၂၀၂၆ မတ်လမှာ ရိုက်ကူးမယ်ဆိုတဲ့ “စာရင်း” တစ်ခု‍ထွက်လာပြီးလို့ ပြောခဲ့ပြီး ဒီ စာရင်းထဲမှာ Matt Reeves ကို ဒါရိုက်တာအဖြစ် မဖော်ပြထားဘဲ ဇာတ်ညွှန်းရေးသူအဖြစ်သာ ဖော်ပြထားခဲ့ပါတယ်။
ဒါကြောင့် ပရိသတ်တွေက Matt Reeves တစ်ယောက် The Batman: Part II ကို မရိုက်တော့ဘူးလားဆိုပြီး စိုးရိမ်ခဲ့ကြပြန်ပါတယ်။ The Batman: Part II ဟာ ရိုက်ကူးဖို့ အကြိမ်ကြိမ် နှောင့်နှေးခဲ့ရပြီး Matt Reeves ကိုယ်တိုင်က ကိုယ်ရေးကိုယ်တာ ပြဿနာတချို့ ရှိနေတယ်ဆိုတာကြောင့် ပရိသတ်တွေနဲ့ သူမရိုက်တော့ဘူးလို့ ထင်သွားကြတာပါ။
Production Weekly ဆိုတဲ့ Site က အရင်ကလည်း မဟုတ်မမှန်တာတွေတင်တာကြောင့် ပရိတ်သက်တွေကြားထဲမှာ ဂယက်တွေအမြဲတမ်းထခဲ့ပြီး James Gunn ကိုယ်တိုင် Mr. Freeze ရုပ်ရှင်တစ်ခု ထုတ်လုပ်နေပြီဆိုတဲ့အကြောင်းအရာကိုတောင် ငြင်းဆိုခဲ့ဖူးပါတယ်။
James Gunn အခုပြောရသလောက်ဆိုရင်တော့ The Batman: Part II ကို Matt Reeves ကိုယ်တိုင် ဆက်လက်ရိုက်ကူးသွားမှာဖြစ်ပြီး နောက်ဆုံး သတင်းအရ သူဟာ ဇာတ်ညွှန်းကို အပြီးသတ်နေပြီလို့သိရပါတယ်။
The Batman: Part II ဟာ ၂၀၂၇ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှာ ရုံတင်ပြသမှာဖြစ်ပြီး Robert Pattinson က ဘတ်မန်းအဖြစ် ပြန်လည် ပါဝင်သွားမှာဖြစ်ပါတယ်။

image