Disney က May 10 မှစပြီး Snow white ကို ရုံပေါင်း 1200 ကျော်မှာ ရုံပြန်တင်မယ်လို့ ပြောလာပါတယ်။ Mother's Day Weekend မှာ မိသားစုတွေအတူကြည့်ဖို့ ရုံပြန်တင်တာလို့လည်းသိရပါတယ်။
USA တစ်နိုင်ငံတည်းတင်တာပါ။ အခြားနိုင်ငံတွေကတော့ ဘာမှမပြောတော့ မတင်ဘူးထင်ပါတယ်။ Global ပြန်တင်ရင် အရှက်ပိုကွဲမှာမြင်လို့ Mother's Day ဆိုပြီး US မှာပဲပြန်တင်လိုက်ပုံရတယ်။ 270 Million ကုန်ကျခဲ့ပြီး တစ်ကမ္ဘာလုံး ရုံဝင်ငွေ 200 Million ဝန်းကျင်ပဲရခဲ့တော့ အရင်းကြေအောင်ပြန်တင်တာနေမှာပါ။
